NUG News

0 0
Read Time:3 Minute, 13 Second

အကြမ်းဖက် စစ်ကောင် စီ ၏ လက်ပါးစေများက ပြည်သူ့တော်လှန်ရေး၏ ဂုဏ်အသရေကို ထိခိုက် ညှိုးနွမ်းစေရန် ရည်ရွယ်၍ PDF အမည်သုံးကာ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပြည်သူများကို ဆက်ကြေး တောင်းသည့်စာများ ဖြန့်ဝေနေဟု NUG ကာကွယ် ရေးဝန်ကြီးဌာနထုတ်ပြန်

 

D Day News

စက်တင်ဘာလ ၁၃

 

အကြမ်းဖက် စစ်ကောင် စီ ၏ လက်ပါးစေများက ပြည်သူ့တော်လှန်ရေး၏ ဂုဏ်အသရေကို ထိခိုက် ညှိုးနွမ်းစေရန် ရည်ရွယ်၍ PDF အမည်သုံးကာ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပြည်သူများကို ဆက် ကြေး တောင်းသည့်စာများ ဖြန့်ဝေနေဟု NUG ကာကွယ် ရေးဝန်ကြီးဌာနထုတ်ပြန်အသိပေးလိုက် သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊စစ်ကြောင်းများနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) များ၏ အမည် များ၊ အမှတ်တံဆိပ်များကို အသုံးပြု၍ ပြည်သူ့တော်လှန်ရေးကို ပုံဖျက်လိုသူများက စီးပွားရေး လုပ် ငန်း ရှင်များနှင့် ပြည်သူများထံသို့ ခြိမ်းခြောက် ငွေညှစ် ဆက်ကြေးတောင်းသည့် စာများ၊ အသံဖိုင်နှင့် ဗီဒီယိုဖိုင်များ ပေးပို့ခြင်း၊ အွန်လိုင်းတွင် ဖြန့်ဝေခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းစာများမှာ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း၊ စစ်ကြောင်း များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) များ၏ လုပ်ဆောင်ချက် လုံးဝမဟုတ်ဘဲ အကြမ်းဖက် စစ်ကောင် စီ ၏ လက်ပါးစေများက ပြည်သူ့တော်လှန်ရေး၏ ဂုဏ်အသရေကို ထိခိုက်ညှိုးနွမ်းစေရန် ရည်ရွယ် ချက် ရှိရှိ လုပ်ကြံရေးသားဖြန့်ဝေနေသော စာများသာ ဖြစ်သည်ကို ဆန်းစစ်သိရှိရပါကြောင်း ဆက်လက် ဖော်ပြထားသည်။

 

လုပ်ငန်းရှင်ပြည်သူများအနေဖြင့်လည်း အဆိုပါစာများ မိမိတို့ထံ ရောက်ရှိလာပါက NUG/MOD ကွပ် ကဲမှုအောက်ရှိ PDF တပ်ရင်း၊ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များက ဆောင်ရွက် ခြင်း ဟုတ်မဟုတ် စိစစ်နိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာန Email [email protected] သို့ ဖြစ် စေ၊ တိုင်ကြားမှုများဆိုင်ရာကော်မတီ Email [email protected] သို့ ဖြစ်စေ ဆက်သွယ် အသိပေးစေလိုပါကြောင်း ပန်ကြားထားသည်။

 

အကယ်၍ PDF/ပကဖ တပ်ဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း စိစစ် တွေ့ရှိရပါကလည်း PDF တပ်မတော်၏ စစ်စည်းကမ်းဥပဒေနှင့်အညီ ပြင်းထန်စွာ အရေးယူ ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေး ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *