KNDF News

0 0
Read Time:2 Minute, 27 Second

KNDF ဆေးတပ်ဖွဲ့ ရဲဘော် ၁၈ ဦး ရေထဲမျောပါ ကျဆုံးမှု လိုအပ်သော စုံစမ်းဆေးမှုများလုပ်ဆောင် သွားမည်

 

D Day News

စက်တင်ဘာလ ၁၃

 

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ – KNDF မှ ဆေးသင်တန်းသား ရဲဘော် ၁၈ ဦး ရေထဲ မျောပါ ကျဆုံးခဲ့ရပြီး လိုအပ်သော စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း KNDF ဗဟိုက ထုတ်ပြန်သည်။

 

စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဆေးဌာနမှ ကြီး မှူးဖွင့်လှစ်သော ဆေးသင်တန်းမှ သင်ခန်းစာမစ်ရှင်လေ့ကျင့်ခြင်းပြုလုပ်နေစဉ် ရေချောင်း တခုကို ဖြတ်ကျော် ရန် ကြိုးစားအားထုတ်ခဲ့ရာ မတော်တဆဖြစ်ပွားခဲ့ပြီး ဆေးသင်တန်းသား (၁၈) ဦး ရေထဲ သို့ မျောပါ ဆုံးရှုံးခဲ့ရကြောင်း KNDF ဗဟို ထုတ်ပြန်ချက်အရ သိရသည်။

 

ဆေးသင်တန်းသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် တပ်ပေါင်းစုံတို့၏လိုအပ်ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုတိုးတက်ကောင်းမွန်ရန် ရည်ရွယ်ချက်ဖြင့် သင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ထိုသင်တန်းမှ ဆေးတပ်သားများ တိုးပွားလာစေရန်အတွက်လည်း ရည်မှန်းထားခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ မတော်တဆဖြစ်စဉ် ဖြစ်ပေါ်လာခဲ့ပြီး ဆေးသင်တန်းသား (၁၈)ဦး ဆုံးရှုံးခဲ့ရသည့်အပေါ် သက်ဆိုင်ရာမိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ များစွာဝမ်း နည်းကြေကွဲရပါကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ထားသည်။

 

အဆိုပါ မတော်တဆမှုဖြစ်စဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗဟိုအနေဖြင့် လိုအပ် သည့် စုံစမ်းစစ်ဆေးမှုများပြု လုပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

ကရင်နီတော်လှန်ရေး တပ်ပေါင်းစုံအနေဖြင့် လိုအပ်နေသောလူ့အရင်းအမြစ်များနှင့် တော်လှန်ရေး ရည်မှန်းချက်များကို မဆုတ်မနှစ် ဆက်လက်ကြိုးပမ်းရင်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် အမှား အနည်းဆုံးဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း ဆက်လက် ထုတ်ပြန်အသိပေး ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *