Karenni News

0 0
Read Time:2 Minute, 23 Second

ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းကုန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှု စစ်သား ၃၀ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိ

 

D Day News

စက်တင်ဘာလ ၁၃

 

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ စစ်သား ၃၀ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိခဲ့ကြောင်း Loikaw Local PDF ထံမှ သိရသည်။

 

စက်တင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ၃ ရက်အတွင်း ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများနှင့် စခန်းကုန်းများကို ကရင်နီ တော်လှန်ရေး တပ်ဖွဲ့များပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ဦးသေဆုံးပြီး ၃ ဦး အရှင် ဖမ်းမိကာ လက်နက်ကခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“လွိုင်လင်လေး၊ ကုတ်စု၊ ကယာသာယာကကြောတည်း၊ နောက်ပြီးတော့ ဟိုဘက် ထီးစခန်းမှာ ဖြစ် တယ်၊ ၄ နေရာဖြစ်တာ မှန်ပါတယ်၊ ဒါပေမယ့် ရန်သူကျဆုံးမှုသေမှုဒဏ်ရာရတာတွေတော့ ကျနော် တို့ စာရင်းမရဘူး။ Loikaw PDF ထုတ်တာဆိုတော့ ဖြစ်နိုင်တာပေါ့။” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က အတည်ပြုပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လွိုင်ကော်ဒေသပြည်သူ့ ကာကွယ်ရေးတပ် (Loikaw Local PDF) ၊ Loikaw PDF ၊ KNDF ၊ KNPLF နှင့် ရှမ်းတောင် အခြေစိုက်တပ် အသီးသီး တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး လွိုင်ကော်ဒေသပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ၁ ဦး စိုး ရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် KNDF ၊KNPLF၊ ရှမ်းတောင် အခြေစိုက်တပ်များ မှလည်း ထိခိုက် ကျဆုံးမူ ရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်း အမြောက်အများ အသုံးပြုခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှုလည်း အမြောက်အများ အသုံးပြု တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *