Bago News

0 0
Read Time:1 Minute, 41 Second

ပေါင်းတည်မြို့နယ်တွင် ရိက္ခာသယ်ရန်ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ သေဆုံး

 

D Day News

စက်တင်ဘာလ ၁၃

 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ရိက္ခာသယ်ရန် ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း တောင်းပိုင်းတိုင်း စစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ ထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၁၃ ရက် နံနက် ၆ နာရီ မိနစ် ၄၀ အချိန်ခန့်က ပေါင်းတည်မြို့နယ်၊ သစ်ပုတ်‌ ကျေးရွာ စစ်ကောင်စီ အထိုင်တပ်စခန်းမှ ပြန်ချီတက်‌ကျေးရွာသို့ ရိက္ခာလာရောက်သယ်ယူသော အ ကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦးအပြင်းအ ထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ PDF တပ်ရင်း ၃၆၀၁ တပ်ခွဲ – ၁ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ ဩဂုတ်လ ၁၅ ရက်နေ့တွင်လည်း ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ကျေးရွာနှင့် ‌သစ်ပုတ် ကျေးရွာ အကြားသို့ ရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိ ခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *