Ayarwaddy News

0 0
Read Time:5 Minute, 50 Second

ဧရာဝတီတိုင်းအတွင်းရှိ လူငယ်များကို စစ်တပ်နှင့်လူပွဲစားများ ပူးပေါင်းပြီး စစ်မှုထမ်းခြင်းမှ လွတ်ရန် အကြောင်းပြ၍ မြဝတီအခြစိုက်ကျားဖြန့်နှင့်ကာစီနိုလုပ်ငန်းများထံ မှောင်ခိုပို့ဆောင်နေ

 

D Day News

စက်တင်ဘာလ ၁၃

 

ဧရာဝတီတိုင်းအတွင်းရှိ လူငယ်များကို စစ်တပ်နှင့် လူပွဲစားများ ပူးပေါင်းပြီး စစ်မှုထမ်းခြင်းမှ လွတ် မြောက်ရန် အကြောင်းပြ၍ မြဝတီအခြေစိုက် ကျားဖြန်နှင့် ကာစီနိုလုပ်ငန်းထံ မှောင်ခိုပို့ဆောင် နေကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

 

စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေထုတ်ပြန်ခဲ့သော မတ်လမှ ဩဂုတ်လအထိ အချိန် ၆ လ တာ အတွင်း ဧရာဝတီတိုင်းမှ မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ် ကျားဖြန့်လုပ်ငန်း နှင့်ကာစီနို လုပ် ငန်းများထံသို့ လူပွဲစားများမှ တဆင့် လူကုန်ကူးခံရသူ လူငယ်အမျိုးသား (၄၀) ဦး ထက်မနည်းနှင့် လူငယ်အမျိုး သမီး (၂၅) ဦး ထက်မနည်း စုစုပေါင်း (၆၅) ဦး ဝန်းကျင် အထိရှိနေကြောင်း တိုင်းလူ ကုန်ကူးမှုတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သည့် သတင်းအရင်း အမြစ်များ ထံက သိရသည်။

 

“တပ်ထဲက ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတွေရယ် သူတို့မိန်းမတွေ ဘာတွေအလုပ်ရှုပ်နေကြသလဲတော့ မသိ ဘူး။ ပုသိမ်မြို့ထဲမှာ ပဲသွားနေကြတာ ကြာပြီ။ ကျားဖြန့်ကိစ္စနဲ့ပက်သက်ပြီးတော့လည်း တပ်ထဲမှာ သတင်းတွေ ပြန့်နေတယ်။ တပ်ရေးဗိုလ်ကြီးတွေကော ဗိုလ်မှူးတွေပါ ပါနေတယ်ဆိုပြီးသတင်းထွက် နေတာ။ အလုပ်ပွဲစားတွေနဲ့လည်းချိတ်ဆက်နေတာကောပေါ့။ မြဝတီဘက်ကိုအလုပ်သမားတွေ ပို့ ပေးဖို့ အတွက်ကိုပါ ငွေယူပြီး လုပ်နေကြတာ။ တပ်ရင်းမှူးကတော့ သတင်းမထွက် အောင်လုပ်ခိုင်း ပြီး တော့ အတွင်းကြိတ် စုံစမ်းခိုင်းနေတာ တော့ရှိတယ်”ဟု အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် နီး စပ် သည့် တပ်တွင်းသတင်း အရင်းအမြစ်က ပြောဆိုသည်။

 

ထို့သို့ ခေါ်ရာတွင် ပုသိမ်အခြေစိုက်အနောက်တောင်တိုင်း တပ်ဝန်းမှ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်ရှိသူ များနှင့် ၎င်းဇနီးများအား ငွေကြေးသိန်းရာချီ လာဘ်ငွေထိုးကာ လူပွဲစားများက ခေါ်ကြခြင်းဖြစ် ကြောင်း၊ ပြီးခဲ့သည့်ဇွန်လမှဩဂုတ်လအထိ စစ်မှုထမ်းရှောင်ရန်အကြောင်းပြ၍ ကန်ကြီးထောင့်မြို့ နယ်အတွင်းရှိ လူငယ်အမျိုးသား (၁၅)ဦးနှင့် အမျိုးသမီး (၁၂)ဦးထက်မနည်း စုစုပေါင်း ၂၇ ဦး ထက် မနည်းကို မြဝတီကျားဖြန့်လုပ်ငန်းများနှင့် ကာစီနိုလုပ်ငန်းများထံသို့ အလုပ်ပွဲစားများမှ မှောင်ခိုပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo – CJ (ရွှေကုက္ကိုလ်ရှိ ကျားဖြန်လုပ်ငန်းတစ်နေရာ)

“အသိလူငယ်လေးတွေ ကောင်မလေးတွေကို မြဝတီမှာအလုပ်ရမယ်။ ဘတ်တစ်သောင်းခွဲလောက် ရမယ်ပေါ့။ လာခေါ်ကြတာ။ စစ်တပ်က အသိုင်းအဝန်းထဲကလည်း လာခေါ်တယ်။ အလုပ်ပွဲစားတွေ ကောပဲ။ တချို့မသိပဲနဲ့လိုက်သွားကြတာ။ မနည်းဘူး။ စစ်မှုထမ်းမပါရင်ပြီး ရောဆိုပြီး တော့လိုက် သွား ကြတာ။ ကျွန်တော့်သူငယ်ချင်းတွေလည်းပါသွားတယ်” ဟု တံခွန်တိုင်ကျေးရွာနေလူငယ်တစ် ဦးက ပြောကြားသည်။

 

ပြီးခဲ့သည့် ဇွန်လမှ ဩဂုတ်လ အတွင်း ကန်ကြီးထောင့်မြို့နယ်ရှိ မြို့တွင်းရပ်ကွက်နေရာအချို့နှင့် အနီးကျေးရွာများဖြစ်သော တံခွန်တိုင်၊ ဖန်ခါးကုန်း၊ ကုန်ကြီးပေါ် သရက်ချောင်း ၊နွယ်နီချောင်း၊ မိကျောင်းတရာ၊ ပေါ်တော်မူ၊ ကျုံကြီး၊ ကျိုက်လတ် နှင့် ဒိုးပင်ဆိပ်စသည့်ကျေးရွာများမှ ဒေသခံ လူ ငယ် အမျိုးသားများနှင့် အမျိုးသမီးများကို စစ်မှုထမ်းအပတ်စဉ်မှ ကင်းလွတ်ရန် အကြောင်းပြကာ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ ဗိုလ်ကြီး အဆင့်ရှိသူများနှင့် လူပွဲစားများက မြဝတီမြို့အ‌ခြေ စိုက် အွန်လိုင်း ငွေလိမ်လည်လုပ်ငန်း(ကျားဖြန့်) နှင့်ကာစီနို လုပ်ငန်းများထံသို့ လူမှောင်ခို ပို့ဆောင် ခဲ့ကြောင်း သိရသည်။

 

“ဧရာဝတီဘက်ကနေ မြဝတီကို ပို့ပေးရတာဗျ။ ပြောရရင်တော့ရွှေကုက္ကိုလ်ဘက်ပေါ့။ အဲ့လောက်ပဲ သိခွင့်ရတယ်။ ရွှေကုက္ကိုလ်မှာက ကျားဖြန့်တွေကာစီနိုတွေ ပေါနေတာပဲ။ နောက်ပြီးတော့ကျွန်တော် တို့က မြဝတီကိုပဲသွားရတာ။ အဲ့ကနေမှကားတွေနဲ့ လာခေါ်တာ။ အဲ့ကိုလူပို့ပေးရတာ တစ် ခေါက် ကို ၁၅ သိန်းလောက်ရတယ်။ အမြဲတမ်းတော့ သွားရတာမဟုတ်ဘူး။ ကျွန်တော်တို့ကိုကားခ ကြိုရှင်း ထားပြီးသား။ ၃ လထဲမှာ ကျွန်တော်ပို့ပေးရတာ အယောက် ၃၀ လောက်ရှိပြီ။ ကောင်လေးတွေ ကောင်မလေးတွေ ချည်းပဲ။ အသက်ငယ်ငယ်လေးတွေချည်းပဲ”ဟု ရန်ကုန်-မြဝတီကားယာဉ်လိုင်းရှိ ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။

 

ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း မအူပင်မြို့နယ်၌လည်း အွန်လိုင်းကာစီနိုဂိမ်းလုပ်ဆောင်သူ ပျူ အဖွဲ့ဝင်များကို တိုင်းစစ်ကောင်စီနှင့် တိုင်းရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရန်ကြိုးပမ်းမှုကြောင့် ပျူအဖွဲ့ ဝင် (၁၀) ဦး ထက်မနည်းထွက်ပြေးတိမ်းရှောင်သွားကာ လက်ရှိအချိန်အထိဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

သတင်း – စောဇင်မောင်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *