UN News

0 0
Read Time:5 Minute, 40 Second

၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွထွေညီလာခံဖွင့်ပွဲသို့ သံအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်၊ မြန်မာအပါအဝင် ကိုယ်းစားပြုခွင့် ကိုယ်စားလှယ်နေရာကို အဆုံးအဖြတ်ပေးမည့် အဖွဲ့ဖွဲ့စည်း

 

D Day News

စက်တင်ဘာလ ၁၂

 

၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးကို စတင်ကျင်းပလျက်ရှိပြီး ယင်း အစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦး ကျော်မိုးထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်က နယူးယောက်မြို့၊ ကုသမဂ္ဂဌာန ချုပ်၊ ကုလသမဂ္ဂ အထွေထွ ညီလာခံတွင် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွညီလာခံ (78th Session of the United Nations General Assembly – 78th UNGA) ပိတ်ပွဲအခမ်းအနားပြုလုပ်ခဲ့ ကြောင်း သိရညသ်။

 

ထို့နောက် စက်တင်ဘာလ ၁၀ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ အချိန်တွင် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (79th Session of the United Nations General Assembly – 79th UNGA) ၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးနှင့် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးများသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံ ပိတ်ပွဲအခမ်းအနား ကျင်းပရာတွင် (၇၈) ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွ ညီလာခံ၏ သဘာပတိဖြစ်သူ H.E. Mr. Dennis Francis ၏ တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း “ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ တိုးတက်ရေးနှင့် ရေရှည်တည်တံ ခိုင်မြဲရေး” မျှော်မှန်းချက် အောက်မှ စွမ်းဆောင်ခဲ့မှု များကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် H.E. Mr. António Guterres က အသိအမှတ်ပြုပြောကြားခဲ့သည်ဟုဆိုသည်။

 

ထို့အတူ H.E. Mr. Dennis Francis ကလည်း ဤရာထူးနေရာအား တာဝန်ယူဆောင်ရွက်ခဲ့သည့် တစ်နှစ်တာကာလအတွင်း စိုက်ထူနိုင်ခဲ့သည့် မှတ်ကျောက်ပန်းတိုင်များ၊ ဤရာထူးအား ထမ်းဆောင် ခွင့်ရသည့်အပေါ် ဝမ်းမြောက်မှုနှင့် ၎င်းအား အဖက်ဖက်မှ ပံ့ပိုးကူညီခဲ့ကြ သူများအား ဂုဏ်ပြုကျေး ဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။

 

ထို့နောက် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံအတွက် သဘာပတိအဖြစ်တာဝန် ထမ်းဆောင်ရန် ရွေးချယ်ခံထားရသည့် President-elect ဖြစ်သူ ကင်မရွန်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း H.E. Mr. Philemon Yang က ကုလသမဂ္ဂကျင့်ထုံးနှင့် အညီ ကျမ်းသစ္စာကျိန်ဆိုကာ H.E. Mr. Dennis Francis ထံမှ Gavel အား လွှဲပြောင်းလက်ခံခဲ့ကြောင်း သိရသည်။

 

(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ၌ H.E. Mr. Philemon Yang က ကုလသမဂ္ဂ အထွေထွေညီလာခံ၏ စည်းမျဉ်း (၆၂) အရ (၁) မိနစ် ငြိမ်သက် ခြင်း အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့ပြီး H.E. Mr. Philemon Yang က၎င်းအနေဖြင့် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း၌ “Principles of Unity and Diversity” ဟူသော မျှော်မှန်းချက်ကို အခြေခံအုတ်မြစ်ချကာ အားလုံး၏ အသံကို ကြားသိစေရန် သာမက တန်းဖိုးထား စေရေး ဆောင်ရွက်သွားမည်ဟုလည်းကောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားဂုဏ်သိက္ခာ၊ ကျား၊မတန်းတူညီမျှမှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သော စီးပွားရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊ ဖြစ်ပွားနေသော ပဋိပက္ခများ ချုပ်ငြိမ်းစေရန် ကုလသမဂ္ဂမျက်နှာစာတွင် တိုးမြှင့် ဆောင်ရွက်ရေး၊ လူ့အခွင့်အရေး၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် တရားရေးရာမူဘောင်များ ခိုင်မာစေ ရေး စသည်တို့ကို ဦးစားပေးဆောင်ရွက်မည်ဟု အလေးထား ပြောကြားခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် H.E. Mr. António Guterres က H.E. Mr. Philemon Yang အနေဖြင့် ၎င်း၏ အတွေ့အကြုံကြွယ်ဝမှုဖြင့် ဤရာထူးအား စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်မည် ဟု ယုံကြည်ကြောင်းနှင့် ၎င်းအနေဖြင့်လည်း အပြည့်အဝ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကြိုဆိုနှုတ် ခွန်း ဆက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ထို့နောက် အဖွဲ့ဝင် (၉) နိုင်ငံ ပါရှိရမည့် Credentials Committee အား အင်တီဂွာနှင့် ဘာဘူဒါ၊ ကာဘိုဗာဒီ၊ တရုတ်၊ ဒိုမီနီကာ၊ လာအို၊ လိုင်ဘီးရီးယား၊ မိုနာကို၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စု တို့ဖြင့် ဖွဲ့စည်းခန့်အပ်ခဲ့ကြောင်း သိရသည်။

 

(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ခုံနေရာချထားမှုနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ အ ထွေထွေ ညီလာခံ ဆုံးဖြတ်ချက် A/RES/71/323 ပါ စာပိုဒ် (၄၂) နှင့်အညီ မဲနှိုက်၍ ရရှိလာသည့် ရလဒ်အရ ယီမင်နိုင်ငံဖြင့်စတင်၍ နိုင်ငံများအား အင်္ဂလိပ် အက္ခရာစဉ်အလိုက် နေရာချထားခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *