Sagaing News

0 0
Read Time:3 Minute, 22 Second

ယင်းမာပင်မြို့နယ်၊ မုံရွာ -ပုသိမ်လမ်းပေါ်၌ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ဗိုလ်တစ်ဦး သေဆုံး၊ မြေပဲနှုတ်ပြီး ပြန်လာသော အမျိုးသမီး ၁၃ ဦးပါအဝင် ပြည်သူ ၂၃ ဦးကို စစ်တပ်က ဖမ်းဆီး

 

D Day News

စက်တင်ဘာလ ၁၂

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ -ပုသိမ်လမ်းမပေါ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးသေဆုံးပြီး စစ်သား၊ ရဲ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း Regional Friend Fighters ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က ဆားလင်းကြီးမြို့နယ် အ တွင်းရှိ တရုတ်ကုမ္ပဏီများဖြစ်သော Myanmar Wanbao နှင့် Myanmar Yantse တို့အတွက် ကြေးနီ ထုတ်ရာတွင် လိုအပ်သော Sulphuric acid container များပို့ဆောင်ရန်နှင့် ထုတ်လုပ်ပြီးသား ကြေး နီများကို သယ်ယူ ရန်အတွက် အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဲ နှင့် စစ်သားများသည် မုံရွာ-ပုသိမ် လမ်းပိုင်း Wanbao ကုမ္ပဏီမှ အောင်ဇေယျတပ်ကျိုးကုန်းအထိ ကင်းယူရန်အင်အား ၁၀၀ ဦးခန့် ထွက်လာခဲ့ကြောင်း သိရသည်။

 

ထိုသို့ အကြမ်းဖက်စစ်သား၊ ရဲများ စစ်ကြောင်းထွက်လသည်ကို ကြိုတင်သတင်းရသဖြင့် တော်လှန် ရေးရဲဘော်များက ၃ လုံးတွဲမိုင်း အသင့်ထောင်ထားပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦး နေရာမှာ ပင်ပွဲချင်းပြီးသေဆုံးပြီး စစ်သား၊ ရဲ ၃ ဦးအပြင်းအထန်ဒဏ်ရာနှင့် ၂ ဦးသာမန်ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊မိုင်းထိဒဏ်ရာရရှိသော စစ်သား၊ ရဲများကို မုံရွာမြို့အခြေစိုက် နမခ ဆေးရုံသို့ ကားဖြင့်သယ် ဆောင်သွားကြောင်း သိရသည်။

“မိုင်းဆွဲပြီးတော့ အမှတ် ၂၈ ရဲတပ်ရင်းထဲကို ပြန်ဆုတ်သွားတယ်၊ ဒီနေ့မနက်မှ ထပ်ထွက်လာတာ။ သေသွားတဲ့ ဗိုလ်ရဲ့ အဆင့်တော့ မသိရဘူး၊ ဒီအတိုင်းပဲ မြင်တာပဲ ရှိတာပေါ့၊ သူက ဗိုလ်ဆိုတာတော့ သိတယ်။ သူတို့ဘက်ကတော့ တရစပ်တောက်လျှောက်ပြန်ပစ်တယ်။ ကျနော်တို့ရဲဘော်တွေတော့ အထိအခိုက်မရှိပါဘူး” ဟု Regional Friend Fighters (RFF) မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ်၊ တိုက်နယ်၂ ပကဖများဖြစ်သော Regional Friend Fighters (RFF) ၊ Fighter Brotherhood Guerrilla Army (FBGA)၊ Yinmarbin Local -YMB PDF ၊ Black Eagle Defense Force နှင့် ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မိုင်းဆွဲတိုက်ခိုက်ခံရပြီးအထိနာသော အကြမ်းဖက်စစ်သားများသည် မြေပဲနှုတ်ပြီးပြန်လာသော ဆား လင်းကြီးမြို့နယ်၊ မကျည်းတစ်ထောင် ကျေးရွာမှ အမျိုးသမီး ၁၃ ဦးအပါအဝင် ကားလမ်းဘေးရှိ ပြည် သူ စုစုပေါင်း ၂၃ ဦးကို အောင်ဇေယျ တပ်ကုန်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် အမှတ် ၂၈ ရက် ရဲတပ်ရင်းအတွင်းပို့ဆောင်လိုက်ပြီး ပြန်လွှတ်ပေး ခြင်း မရှိသေးကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *