Naypyitaw News

0 0
Read Time:4 Minute, 29 Second

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ညောင်ပင်ကြီးရွာနှင့် တစ်ရွာလုံး ရေနစ်မြှုပ်နေပြီး အရေးပေါ် အကူအညီ လိုအပ်နေသော်လည်း မည့်သည့်ကယ်ရေးမှ ရောက်ရှိလာခြင်းမရှိ

 

D Day News

စက်တင်ဘာလ ၁၂

 

နေပြည်တော်၊ နေပြည်တော်၊ ဇေယျာသီရီမြို့နယ်၊ စည်ပင်အုပ်စု၊ ပျဉ်းမနားသကြား စက် မြောက် ဘက် ညောင်ပင်ကြီးရွာ တစ်ရွာလုံးရေ နစ်မြှုပ်နေပြီး အရေးပေါ်အကူအညီများ လိုအပ်နေသော် လည်း မည်သည့်ကယ်ဆယ် ရေး မှ ရောက်ရှိလာခြင်းမရှိသေးကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၀ ရက် ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရီမြို့နယ်၊ စည်ပင်အုပ်စု၊ ညောင်ပင်ကြီးရွာအတွင်း ရုတ်တရက်ရေဝင်ရောက်လာကာ အနည်းဆုံး ၇ ပေ၊ ၈ ပေခန့်အထိ မြင့် တက်လာသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ရှောင်တိမ်း ချိန် မရလိုက်ပဲ နေအိမ်များအတွင်း ပိတ်မိ နေကြောင်း၊ ထိုသို့ပိတ်နေသည်မှာ ၁၂ နာရီ ကျော်ပြီဖြစ်သော်လည်း မည်သည့်ကူညီကယ်ရေးမှ ရောက်ရှိလာခြင်းမရှိကြောင်း သိရသည်။

“ကျနော်တို့က ပိတ်မိနေတာ။ ညကတည်းကပဲ အခုချိန်အထိ ကယ်ဆယ်ရေးက တစ် ဦးမှ ကိုမလာ သေးဘူး။ တစ်ရွာလုံးပဲ၊ အိမ်ဝန်းထဲမှာ ရေအနက်က ၇ ပေ၊ ၈ ပေ လောက်ဖြစ်နေတာ၊ ပိတ်မိနေတာ က တစ်ရွာလုံးပဲ၊ ဘယ်သူမှကို ရှောင်ချိန်မရဘူး၊ ရေကချက်ချင်းများလာတာဆိုတော့ဘယ်သူမှ မ ရှောင် နိုင်ဘူး။ မနေ့က ညနေပိုင်း ကတည်း တက်လာတာ။ အခုက ရေတန့်နေတာ၊ မကျသေးဘူး။ အခုက မိုးတွေက လည်းရွာနေတုန်းဆိုတော့ ရေကများလာဖို့ပဲရှိတယ်။ဒီမှာက ကလေးတွေရော၊ သက် ကြီးရွယ်အိုတွေရောဆိုတော့ ကယ်ဆယ်ရေးကိုလိုအပ်တော၊ ကယ်ဆယ်ရေးကလည်း တစ်ဦးမှ ရောက်မလာဘူးဖြစ်နေတာ။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

ပိတ်နေသော ညောင်ပင်ကြီးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိပြီး မိုးကလည်း ဆက်လက် ရွာသွန်းနေ သဖြင့်ကူညီကယ်ရေးများ အမြန်ဆုံးဆောင်ရွက်ပေးစေလိုကြောင်း ဒေသနေ ပြည်သူများက တောင်းဆိုထားသည်။

 

အလားတူ နေပြည်တော်၊ ဇေယျာသီရီမြို့နယ်၊ စည်ပင်အုပ်စု၊ ပျဉ်းမနားသကြားစက်အရှေ့ဘက် အိမ်ခြေ ၂၅၀ ခန့်ရှိသော ကျွန်းဦးတဲကုန်းရွာနှင့် အိမ်ထောင်စု ၅၀၀ ခန့်ရှိသော ကျွန်ဦးတဲဈေးတို့တွင် လည်းလည်း ရေနစ်မြှုပ်နေကြောင်း သိရသည်။

 

“ညက စက်လှေသံတွေတော့ကြားတယ်၊ ကယ်ဆယ်ရေးတွေလာတယ်ထင်တာပဲ၊ ကျနော်တို့အိမ် ဘက်ဆီတော့ ရောက်မလာဘူး။ ရေက ၇ ပေလောက်ရှိတဲ့ ခြံဝန်းကျောက်တိုင် ကိုမမြင်ရတော့တာ၊ ကျနော်တို့အိမ်ဆိုရင် တောထဲမှာမှ ကုန်းပေါ်မှာဆောက်ထားတာ။ အိမ်ကလည်းတော်တော်မြင့် တယ်၊ အခုကဟာ အိမ်အပေါ်ထပ်လေးမှာပဲ နေလို့ရတယ်။ အောက်ထပ် တစ်ထပ်လုံးက ရေဝင် သွားပြီ။ ကုန်းပေါ်မှာဆောက်ထားတဲ့အိမ်ကို အောက်ထပ်တစ်ထပ်လုံးရေဝင်သွားတာ။ မိုးကလည်း အခုထိရွာနေတုန်းပဲ။” ဟု ဒေသနေပြည်သူတစ်ဦး ပြောကြားသည်။

 

ထိုသို့ရေနစ်မြှုပ်မှုအတွင်း အိမ်အောက်၌ ချည်ထားသော ကျွဲနွားများ ရေထဲမျောက်ပါသွားသည့် အမျိုးသားတစ်ဦးလည်း ရေထဲပါပျောက်ဆုံးနေကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

“တစ်ချို့က အိမ်အောက်ထပ်က ပျဉ်တွေခွာပြီး ထပ်ခိုးပေါ်မှာ တက်နေကြရတယ်။ တချို့က ဘုန်း ကြီး ကျောင်းတွေမှာ ကပ်နေကြရတယ်။ ကျွန်းဦး၊ ဈေးကုန်း၊ ကွက်သစ်၊ မအူပင် အကုန်မြှုပ်တာ။ ဦးလေးတစ်ယောက်ပါသွားတယ်၊ အခုချိန်အထိတော့ အဆက်အသွယ်မရသေးဘူး။ အင်တနက်လိုင်း လည်းမတက်တော့ဘူး။ ဖုန်းဘေလ်တွေလည်းကုန်လို့ အဆက်အသွယ်လည်းမရတော့ ဘယ်လိုတွေ ဖြစ်နေတယ်ဆိုတာ အတိအကျမသိတော့ဘူး၊ အိမ်အောက်မှာလည်းရေတွေများနေလို့ ဆင်းလို့မရ တော့ဘူး။ လောလောဆယ်တော့ လုံခြုံတဲ့နေရာလေးတော့ရောက်ချင်တယ်” ဟု ဒေသနေပြည်သူ တစ်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *