Mandalay News

0 0
Read Time:2 Minute, 33 Second

မြင်းခြံမြို့နယ်၊ နဖူးအိုင်-မြို့သာလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၂

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဖူးအိုင်-မြို့သာလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန် မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ မင်းနေ ကုန်း ရဲစခန်းမှ အကြမ်းဖက်စစ်သား၊ ရဲများသည် နဖူးအိုင်-မြို့သာ လမ်းပိုင်းတွင် ကင်းလှည့်သွား လာနေစဉ် နဂါးနီ ပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း သိရှိရသည်။

ယင်းအကြမ်းဖက်စစ်သားများသည် မင်းနေကုန်းကျေးရွာ ပတ်ဝန်းကျင်ရှိ လမ်းမပေါ်တွင် မကြာခဏ လှည့်လည်သွားလာခြင်း၊ ပြည်သူများကို စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသဖြင့် နဂါးနီပြောက်ကျား တပ် ဖွဲ့ (မြင်းခြံ)က ၎င်းတို့ သွားလာရာနေရာများကို မိုင်းထောင်ပြီး အသင့် စောင့်ဆိုင်းခဲ့ကြောင်း၊ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက အကြမ်းဖက် စစ်သား ၆ ဦးပါ ကားဖြင့် ကင်းလှည့် လာပြီး နောက် တော်လှန်ရေးတပ်ဖွဲ့များ မိုင်းထောင်ထားသည့် နေရာအရောက်တွင် ကားပေါ်မှ လမ်းဆင်း လျှောက်ပြီး ခြေလျင်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ခြေလျင်ဆင်းလျှောက်ကာ စစ်ဆေးနေသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် စောင့်ကြည့်နေပြီး မိုင်းထောင်ထားသော မိုင်းကွင်းအတွင်းသို့ အကြမ်းဖက်စစ်သား ၅ ဦး ဝင်ရောက်လာစဉ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရ စစ်သား ၁ ဦး မှာ မင်းနေကုန်းရဲစခန်းအရောက် သေဆုံးသွားကြောင်း သိရသည်။

 

နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)အနေဖြင့် အကြမ်းဖက်စစ်အုပ်ကို တိုက်ခိုက်မှုများ အရှိန်အဟုန် မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *