Kachin News

0 0
Read Time:3 Minute, 25 Second

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရဲစခန်းကို မိနစ် ၃၀ အတွင်း တိုက်ခိုက်သိမ်းပိုက်ပြီး ဘူဒိုဇာဖြင့်ထိုးကာ စခန်းဖျက်ဆီး၊ စစ်တပ်က ဆိုင်တောင်ရွာအတွင်းသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်

 

D Day News

စက်တင်ဘာလ ၁၂

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်တောင်ကျေးရွာရှိရဲစခန်းကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့က မိနစ် ၃၀ အတွင်း တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စခန်းကို ဘူဒိုဇာဖြင့်ထိုးကာ ဖျက်ဆီးလိုက်ပြီဖြစ် ကြောင်း ဒေသ သတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၁ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ရဲစခန်း ကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာ ၁၀ နာရီ ၄၅ မိနစ် တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများရှိသလို အရှင်ဖမ်းမိသူများ၊ ထွက်ပြေးသွားသူများလည်းရှိကြောင်း သိရသည်။

တိုက်ပွဲအတွင်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် အကြမ်းဖက်စစ်သားများကို လိုက်လံရှင်းလင်း လျက်ရှိသည့်အပြင် သိမ်းပိုက်ရရှိသော ဆိုင်းတောင်ရဲစခန်းကိုလည်း KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့များ က ဘူဒိုဇာဖြင့်ထိုးကာ ဖျက်ဆီးရှင်းလင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

 

အလားတူ ယနေ့ စက်တင်ဘာလ ၁၂ ရက် မွန်းတည့်ပိုင်းတွင် ဆိုင်တောင်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ Lucky Man ဟိုတယ်တွင် တပ်စွဲထားသော စစ်တပ်စစ်ကြောင်းကို KIA ၊ PDF ပူးပေါင်း တပ်ဖွဲ့က ရှင်းလင်း တိုက်ခိုက်လျက်ရှိရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်နေကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ မြစ်ကြီးနား လေတပ် စခန်းမှ တက်လာသော တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် နံနက် ၁၀ နာရီ ဝန်းကျင်မှ စတင်ကာ မွန်းလွဲ ၂ နာရီခွဲခန့်အထိ ပစ်ကူပေးတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ဖားကန့်မြို့နယ်၊ ဖားကန့်ဗျူဟာကုန်း၌ တပ်စွဲထားသော စစ်တပ်ကလည်း လက်နက်ကြီး ဖြင့် ပစ်ကူပေးတိုက်ခိုက်လျက်ရှိကာ ဆိုင်တောင်းကျေးရွာနေ ပြည်သူ အချို့ထိခိုက်မှုရှိပြီး ပြည်သူ များ၏ နေအိမ်များလည်း မီးလောင်ကျွမ်းလျက်ရှိကြောင်း သိရသည်။

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဆိုင်းတောင်ရဲစခန်းကို KIA ၊ PDF ပူး ပေါင်းတပ်များက တိုက် ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်၍ ဖားကန့်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရန်အတွက် စစ်ကောင် စီတပ် စခန်း ၆ ခုသာ ကျန်ရှိတော့ကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်စခန်း ၆ ခုမှာ ကံစည်းဗျူ ဟာကုန်း၊ အောင်ဘာလေတပ်စခန်း၊ မဇွပ်ယန်ထောင် တပ်စခန်း၊ လယ်ပြင်ယမ်းချက်၊ ဖားကန့် ဗျူဟာကုန်း နှင့်ဖားကန့်ရဲစခန်း တို့ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *