Tanintharyi News

0 0
Read Time:2 Minute, 54 Second

ထိုင်းငံမှ ပြန်ပို့ခံရပြီး အတင်းအဓမ္မစစ်တပ်ထဲဆွဲသွင်းခံရသူများက စက်လှေဖြင့် လိုက်ပို့သည့် စစ်သား ၂ ဦးကို သတ်ဖြတ်ကာ လက်နက်ခဲယမ်းများနှင့်စက်လှေယူဆောင်ပြီး KNDO ထံ ခိုလှုံ

 

D Day News

စက်တင်ဘာလ ၁၁

 

ထိုင်းနိုင်ငံမှ ပြန်ပို့ခံရပြီး အတင်းအဓမ္မစစ်တပ်ထဲဆွဲသွင်းခံရသူများက စက်လှေဖြင့် လိုက်ပို့ သည့် စစ်သား ၂ ဦးကို သတ်ဖြတ်ကာ လက်နက်ခဲယမ်းများနှင့် စက်လှေကိုယူဆောင်ပြီး KNDO တပ်ရင်း ထံ ဝင်ရောက်ခိုလှုံခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

 

စက်တင်ဘာလ ၇ ရက်နေ့က မြိတ်မြို့တွင် အတင်းအဓမ္မစစ်သားစုဆောင်းထားသူများကို ပလောက် မြို့အခြေစိုက် တိုင်းဗဟို ၁၂ သို့ ပို့ဆောင်ရန် ထွက်ခွာလာသော ငါးဖမ်းစက်လှေ ၃ စီးဖြင့်ထွက်ခွာခဲ့ ကြောင်း သိရသည်။

 

ထိုသို့ ထွက်ခွာလာစဉ် စက်တင်ဘာလ ၈ ရက် ပုလောမြို့နယ်အတွင်းအရောက် စစ်သားအဖြစ် ပေါ် တာ ဆွဲခံ ရသူများသည် အစောင့်လိုက်ပါလာသည့် စစ်သား ၂ ဦးကို လုံးထွေး သတ်ပုတ်ကာ ရေထဲသို့  တွန်းချပြီး စစ်သားများကိုင်ဆောင်သည့် သေနတ် ၂ လက်နှင့်စက်လှေ တို့ကိုယူဆောင်ကာ KNU တပ်မဟာ ၄ ၊ KNDO တပ်ရင်း ၇ ထံသို့ ဝင်ရောက်ခိုလှုံခဲ့ကြောင်း သိရ သည်။

ယင်းစက်လှေပေါ်တွင် စစ်ကောင်စီတပ်၏ တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခံထားရ ၂၇ ဦး ပါဝင်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံ၌ တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရကာ ပြစ်ဒဏ်ချမှတ်ခံရပြီး နောက် ကော့သောင်းမြို့ ဆိပ်ခံဘောတံတား၌ အကြမ်းဖက်စစ်ကောင်စီထံ ပြန်လညလွှဲပြောင်းပို့ ဆောင်ခံရပြီးနောက် စစ်သားအဖြစ် အဓမ္မထည့်သွင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦဂကို သတ်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်လာသည့် အဓမ္မစစ် သားစုဆောင်းခံရသူများကို KNU တပ်မဟာ ၄ ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ် ရင်း ၇ က စောင့်ရှောက်ထားကြောင်း သိရသည်။

 

စက်တင်ဘာလ ၇ ရက် ည ၈ နာရီခန့်ကလည်းပုလောမြို့နယ်၊ ခန္တီကျေးရွာအနီးတွင်  မြိတ်မြို့မှ စစ်မှုထမ်းစစ်သားများကို ကုန်းကနေ ပို့ဆောင်စဉ် ကရင်အမျိုးသားကာကွယ်ရေး တပ် (KNDO) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၊ ပုလောမြို့နယ်ပြည်သူ့ ကာကွယ် ရေး အဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ နှစ်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *