Mandalay News

0 0
Read Time:3 Minute, 30 Second

မြင်းခြံမြို့နယ်ရှိ MBT တပ်ဖွဲ့ စစ်ကြောင်း ၁ နယ်မြေအတွင်းရှိ PDF တပ်ဖွဲ့စခန်းကို အလစ်အငိုက် ၂ ကြိမ်ဝင်ရောက်တိုက်ခိုက်သည့် စစ်သားများ တိုက်မိုင်းမိပြီး ၁ ဦးသေဆုံး၊ သေနတ် ၁ လက် သိမ်း ဆည်းရရှိ

 

D Day News

စက်တင်ဘာလ ၁၁

 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၏ မြောက်ဘက်ရှိ MBT တပ်ဖွဲ့ စစ်ကြောင်း ၁ နယ်မြေ အတွင်းရှိ PDF တပ်ရင်းစခန်းကို အလစ်အငိုက် ၂ ကြိမ်ဝင်ရောက်တိုက်ခိုက်သည့် အကြမ်းဖက်စစ် သားများ တိုက်မိုင်းမိပြီး ၁ ဦးသေဆုံးကာ သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Myingyan Blcak Tiger – MBT တပ်ဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၉ ရက် ည ၁၁ နာရီခန့်က တစ်ကြိမ်၊ စက်တင်ဘာ ၁၀ ရက် နံနက် ၇ နာရီ ဝန်းကျင် တွင်တစ်ကြိမ် မြင်းခြံမြို့နယ်၏ မြောက်ဘက်ခြမ်းရှိ Myingyan Black Tiger – MBTတပ်ဖွဲ့၏ စစ် ကြောင်း ၁ နယ်မြေအတွင်း သို့ ချဉ်းကပ်ဝင်ရောက်ကာ PDF တပ်ဖွဲ့မဟာမိတ် ပူးပေါင်း စခန်းကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“၈ ရက်နေ့လားမသိဘူး မြင်းခြံကနေထွက်လာပြီး ဆမီးခုံဘက်ကို ရောက်လာတာ။ အဲဒီကနေ ကျနော်တို့ စစ်ကြောင်း ၁ နယ်မြေထဲကို ၉ ရက်နေ့ ည ၁၁ နာရီလောက်ကတစ်ကြိမ်၊ မနက်ခင်း ၇ နာရီလောက်မှ တစ်ကြိမ် ကားနဲ့လာပြီးပစ်ခတ်တာ။ ကျနော်တို့ စစ်ကြောင်း ၁ နဲ့ မဟာမိတ်တွေ အထိုင်ချထားတဲ့ စခန်းကိုလာတိုက်တာ၊ စစ်ကြောင်းထိုးတဲ့ပုံစံလည်းမဟုတ်ဘူး။ လျှပ်တပြက်နဲ့ ဝင်လုပ်တာ၊ ၉ ရက်နေ့ညကတော့ ရှင်းတယ်။ ၁၁ နာရီလောက်မှာ လာပစ်သွားတာ။ ကျနော်တို့ ဘက်က ပြန်မပစ်ဘူး၊ ခံစစ်ပဲလုပ်နေလိုက်တယ်။ ၁၀ ရက်နေ့ မနက် ၇ နာရီလောက်မှာ ကင်းနဲ့ မလှမ်းမကမ်းမှာ ကားရပ်ပြီးတော့ ဝင်ပစ်တာ၊ ကျနော်တို့ဘက်က ရဲဘော်တစ်ယောက်က ပြန်ပစ် တော့ သူတို့က နယ်မြေဖြန့်ပြီးတော့ ဝင်လာတဲ့အနေအထားမျိုး။ နယ်မြေဖြန့်ဝင်လာတဲ့အချိန်မှာ တိုက်မိုင်းတွေမိကုန်ကြတာ။ တိုက်မိုင်းတွေမိပြီးတော့ ကားနဲ့ ပြန်လှည့်ဆုတ်ပြေးသွားတာ။ သူတို့ ပြန်လှည့်ပြေးသွားတဲ့အချိန် နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ သေနတ် တစ်လက်နဲ့ခဲယမ်း တွေ ရခဲ့တာ” ဟု Myingyan Balck Tiger -MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

ထိုသို့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ တိုက်မိုင်းမိကာ စစ်သား ၁ ဦးသေဆုံးပြီး တပ်သားအချို့ထိခိုက်ဒဏ်ရာရရှိကာ ပြန်လည်ဆုတ်ခွာသွားကြောင်း အကြမ်းဖက်စစ်သားများ ဆုတ်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် G-3 အမျိုး အစား သေနတ် တစ်လက်နှင့် 7.62 ကျည် ၁၂ တောင့်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ အကြမ်းဖက်စစ်သားများကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း နှင့်အတူ Myingyan Eagle Defense Force (MEDF) ၊ Popa Guerilla Force (PGF)တို့ ပူးပေါင်း ကာ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *