Karen State News

0 0
Read Time:1 Minute, 20 Second

သံတောင်ကြီးမှ တောင်ငူသို့ ခြေလျင်ဆင်းလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၁

 

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အစပ် သံတောင်ကြီးမှ တောင်ငူသို့ ခြေလျင်ဆင်းလာသည့် အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ကျော် သေဆုံးခဲ့ ကြောင်း Thawthikho အဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် သံတောင်ကြီးမှ တောင်ငူ ဘက်ကို ခြေကျင်ဆင်း လာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ရွှေညောင်ပင်အောက်ရောက်ရှိလာစဉ် ကရင် အမျိုးသား လွတ်မြောက် ရေးတပ်မတော် တပ်မဟာ(၂) တပ်ရင်း(၅) လက် အောက်ခံပြောက်ကျား စစ်ကြောင်းများက ကြားဖြတ် တိုက်ခိုက်ရာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *