War Crime News

0 0
Read Time:4 Minute, 21 Second

အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံအနှံ့လှည့်လည်ကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇ ဝတ်မှုကျူးလွန်နေမှုကို မှတ်တမ်းထားပြီး အိမ်နီးချင်းနိုင်ငံများနှင့် အကြမ်းဖက်မှု မလိုလားသည့် နိုင်ငံတကာအဖွဲ့အစည်းများထံပေးပို့သွားမည်

 

D Day News

စက်တင်ဘာလ ၁၀

 

အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံအနှံ့လှည့်လည်ကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇ ဝတ်မှုကျူးလွန်နေမှုကို မှတ်တမ်းထားပြီး အိမ်နီးချင်းနိုင်ငံများနှင့် အကြမ်းဖက်မှု မလိုလားသည့် နိုင်ငံတကာအဖွဲ့အစည်းများထံပေးပို့သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် အသိပေး ထုတ်ပြန်ိလိုက်သည်။

 

မြန်နိုင်ငံအနှံ့အပြား၌ လှည့်ပတ်၍ စစ်ရှုံးနေသော အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့၏ တပ်ရင်း၊ တပ်မ၊ စကခ၊ ဒကစ၊ ရမခ အစရှိသော စစ်တိုင်းဌာနချုပ်များ၊ ရဲတပ်ရင်း၊ လေ့ကျင့်ရေးသင်တန်း ကျောင်းများ အပါအဝင် ၎င်းတို့ထိန်းချုပ်ထားသော မြို့၊ ရွာ အမြောက်အမြားတို့ကို နေ့စဉ်နီးပါး လက်လွှတ်ဆုံးရှုံးလျက် ရှိနေသောကြောင့် မိမိတို့ ညီနောင်သုံးဖွဲ့ အပါအဝင် အခြားသော တော်လှန် ရေး လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသော မြို့၊ ရွာများရှိ အပြစ်မဲ့အရပ်သား ပြည်သူ လူထုများရှိရာနေရာများ၊ လူနေထူထပ်သော နေရာများ နှင့် ၎င်းတို့စစ်ရှုံး၍ စွန့်လွှတ်ခဲ့ရသော စခန်း ဟောင်းများကို လေကြောင်းမှ နေ့စဉ်ရက်ဆက် နေ့၊ ည မရွေး ဗုံးကြဲ တိုက်ခိုက်မှုများကို အငြိုးကြီး စွာဖြင့် ယခုရက်များအတွင်း ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

စစ်ရှုံး အကြမ်းဖက် စစ်ကောင်စီ၏ ယခုကဲ့သို့သော လေကြောင်းတိုက်ခိုက်မှုများအတွင်း မြန်မာနိုင်ငံ အနှံ့အပြားမှ အပြစ်မဲ့ ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင်များ၊ အရပ်သား၊ ရဟန်းရှင်လူ၊ ပြည်သူလူထု များ အပါအဝင် မိမိတို့အဖွဲ့အစည်းများထံတွင် စစ်သုံ့ပန်းအဖြစ်ရှိနေကြသော ၎င်းတို့၏ တပ်ဖွဲ့ဝင် များ၊ ၎င်းတို့တပ်ဖွဲ့ ဝင်များ၏ မိသားစုများပါ သေဆုံး၊ ဒဏ်ရာရရှိမှုများမှာလည်း နေ့တိုင်းနီးပါး ဖြစ် ပျက်လျက်ရှိသည်ဟု ဆိုသည်။

 

ဤကဲ့သို့ စစ်ရှုံးစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိသူများ၏ မိသား စု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပါကြောင်း၊ အာဏာလက်လွှတ်ရန် နီးကပ်နေသော စစ်ရှုံး အ ကြမ်းဖက် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော အကြမ်း ဖက်တိုက်ခိုက်မှုလုပ်ရပ် များကို မိမိတို့ အနေဖြင့် မှတ်တမ်းတင်ရှိထားပြီး အိမ်နီးနားချင်းနိုင်ငံများ၊ အကြမ်းဖက်တိုက်ခိုက်မှုကို မလိုလားသော ယဉ်ကျေးသည့် နိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့ သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

 

အကြမ်းဖက်လုပ်ရပ်မျိုးစုံကို နေ့စဉ်ပုံစံအမျိုးမျိုးဖြင့် လက်ရဲဇက်ရဲကျူးလွန်နေသော စစ်ရှုံးစစ်ကောင် စီ ခေါင်းဆောင်များ၏ အမိန့်ပေးတာဝန်ပေးခြင်းခံရသော လေသူရဲများအနေဖြင် ယခုကဲ့သို့သော အ ကြမ်းဖက် တိုက်ခိုက်မှုမျိုးတွင် ပူးပေါင်းဆောင်ရွက်မှုမျိုးမလုပ်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆက်လက် တိုက်တွန်းထားသည်။

 

အာဏာရူး ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ ယခုကဲ့သို့သောလုပ်ရပ်များကို သတိထား စောင့် ကြည့်ထားကြရန်နှင့် မြန်မာတစ်နိုင်ငံလုံးရှိ မိဘပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း စစ်ရှုံး စစ် ကောင်စီ၏ လေကြောင်း အန္တရာယ်ကို သတိထားကြရန် အထူးအလေးအနက် ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်းထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *