Sagaing News

0 0
Read Time:1 Minute, 31 Second

ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာ၌ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၀

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာ၌ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်း LPDF တပ်ဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၈ ရက် ညနေ ၃ နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာ၌ စခန်းတပ်စွဲထားပြီး ဂိတ်ဖွင့်ကာ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို SHAR HTOO WAW နည်း ပညာ Fixed Wings Drone ၃ စီး ဖြင့် ဗုံးသီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဆက် ကြေးကောက်နေသည့်နေရာမှ အဆောက်အအုံအတွင်း ပြေးဝင်သွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်သား၊ ထိခိုက်သေဆုံးမှုရှိ၊ မရှိ နယ်မြေဒေသ အခက် အခဲကြောင့် သိရှိရခြင်းမရှိသေးဟု ဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကိုကြောင်လက်သည်း တပ်ဖွဲ့၊ Drop for justic ဒရုန်းတပ်ဖွဲ့ ၊ ဇာမဏီ နဂါးတပ် ဖွဲ့ ၊ ဥပဒေ မီးတောက် တပ်ဖွဲ့တို့နှင့်အတူ နယ်မြေခံ ပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည် ။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *