Sagaing News

0 0
Read Time:3 Minute, 12 Second

အရာတော်မြို့တွင် စစ်ကောင်စီစစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား ၃ စီး ပျက်စီး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၀

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား ၃ စီးပျက်စီးခဲ့ကြောင်း Ayadaw Rocket LPDF တပ်ဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းက အရာတော်မြို့နယ်၊ စခတ အမှတ် ၁၀ မှ ထွက်လာသော အ ကြမ်း ဖက်စစ်တပ် စစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းများ ရှာဖွေပြီး ရှင်းလင်းရေး ပြုလုပ်နေစဉ် တူမီးပြောင်း ၃ ပြောင်း၊ မိုင်းလုံးရေ ၁၃ လုံး၊ ရှေ့ထွက်မိုင်း ၉ လုံး၊ စုစုပေါင်းမိုင်း ၂၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိပြီး ၃၆၉ အမြှောက်တပ်ဘက်သို့ သယ်ယူကာ ထွက်ခွာသွားကြောင်းသိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အနီးအနားပတ်ကျင်အားရမ်းသမ်းပစ်ခတ်မှုရှိခဲ့ပြီး ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် လမ်းသွားလမ်းလာပြည်သူအချို့ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရသည်။

 

စက်တင်ဘာလ ၅ ရက် ညနေပိုင်းတွင် အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ရွာ အနောက်ဘက်သို့ ညကင်း ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်း ၃ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်‌သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

စက်တင်ဘာလ ၉ ရက်နေ့တွင် မုံရွာမြို့ဘက်မှ အရာတော်မြို့ဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်တပ် သံပြားကာ ထောက်ပို့ရိက္ခာ ကား ၁၇ စီးကို မိုင်းလုံးရေ ၁၈ လုံး၊ တူမီးပြောင်း ၃ ပြောင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၃ စီး နေရာမှာပင် ထိခိုက်ပျက်ဆီးခဲ့ပြီး၊ ၃၆၉ အ မြှောက်တပ်သို့ တစ်စီး ဝင်ရောက်သွားကြောင်းသိရှိသည်။

 

ထို့အပြင် ကျန်ကားများသည် အရာတော်ဘက်သို့ ဆက်လက်မောင်းနှင်းသွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှု ကြောင့်အကြမ်းဖက်စစ်သား အထိအခိုက် သေဆုံးမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း၊ ညပိုင်း တွင် ယင်းစစ်ယာဉ်တန်းမှာ မုံရွာမြို့ဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို Ayadaw Rocket LPDF ၊ Eagle Brother တပ်ဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း ၂၁ တပ်ခွဲ ၃ ၊ မုံရွာခရိုင်တပ်ရင်း ၂၄ နှင့် BGS Ayadaw Drone Force ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *