Mandalay News

0 0
Read Time:3 Minute, 19 Second

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နေအိမ်များသို့ ပြန်လည်ဝင်ရောက်နိုင်ပြီ(ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၈

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ပြည့်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မိမိတို့နေအိမ်နေများ သို့ ပြန်လည်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ်ပကဖက ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့က ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်ထားသည်။

 

ထိုသို့ နေအိမ် ပြန်လာသည့် သပိတ်ကျင်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်များ၏ အိမ်ပြန်ခရီးစဉ်အတွင်း သပိတ်ကျင်းမြို့နယ်နေပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ ကြောင်း သိရသည်။

 

ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ လက်ကျန်တပ်စခန်းများဖြစ်သည့် သနတ-၁၊ စခတ-၂၊ တတက-၁၃၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၁၃၀ ခန့်ရှိ တပ်စခန်းများကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး ဒုဗိုလ်မှူးကြီး စိုးမင်းသူ ကိုအရှင်ဖမ်းမိကာ လက်နက်မျိုးစုံ ၆၈ လက် နှင့် ခဲယမ်း သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

သပိတ်ကျင်းမြို့အား ဩဂုတ်လ ၁၇ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၉ ရက်နေ့ တွင် မြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်သော်လည်း စစ်ကောင်စီအဖွဲ့ဝင်များမှာ မြို့ဦးတောင်စေတီသို့ ဆုတ်ခွာသွားသဖြင့် ဆက်လက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီးအလုံး ၇၀ ကျော် ၊ Y-12 ဖြင့် ဗုံးသီး ၁၅၀ ကျော် ကျဲချတိုက်ခိုက်သည့်အပြင် Mi-35 ၂ စီးဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဒု-ဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းဆီးရရှိပြီး လက်နက် မျိုးစုံ ၆၈ လက်၊ ကျည်မျိုးစုံ ၁၈၆၆၉ တောင့်၊ ဗုံးသီးမျိုးစုံ ၄၂) လုံး၊ RPG ဒုံးသီး ၃၆ လုံး၊ Jammer ၃ လုံး၊ ဆက်သွယ်ရေးစက် ၁ ခုနှင့် အခြားလူသုံးကုန် စက်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၅၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့နှင့် သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင် ၄ ဦးမြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *