Magway News

0 0
Read Time:2 Minute, 54 Second

မြိုင်မြို့ပေါ်ရှိ စစ်တပ်ဂိတ်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး စစ်တပ် လက်အောက်ခံ စည်ပင် ရုံး၊ ဥပဒေရုံးနှင့် ကြံ့ဖွတ်ရုံးတို့ကို မီးရှို့ဖျက်ဆီး

 

D Day News

စက်တင်ဘာလ ၈

 

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းများကို 8+ အညာမြေစစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ပြီး စစ်တပ်လက်အောက်ခံ စည်ပင်ရုံး၊ ဥပဒေရုံးနှင့် ကြံ့ဖွတ်ရုံးတို့ကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း M.V.P Revolution Force ထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၇ ရက် နံနက် ၇ နာရီမှ စတင်ပြီး မြိုင်မြို့ အရှေ့ဘက် မြိုင် -ပခုက္ကူလမ်းပိုင်း ပေါ်ရှိ စစ်တပ်ဂိတ်နှင့် နှစ်ထပ်တိုက်တို့ကို ဝင်ရောက်ခိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီကျော်ကြာမြင့်ခဲ့ကြောင်း၊ ယင်းဂိတ်အနီးရှိ နှစ်ထပ်တိုက်ဘန်ကာကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

ယင်းနှစ်ထပ်တိုက်ဘန်ကာ သိမ်းပိုက်နိုင်ခဲ့သော်လည်း ဘန်ကာအနီးရှိ ကျန်ရှိနေသော ဘန်ကာ များကို ဖြိုဖျက်ရန် လက်နက်ကြီးအားနည်းခြင်း၊ ခဲယမ်းမလုံလောက်ခြင်းတို့ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရပြီး မြိုင်မြို့အတွင်းရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ စည်ပင်ရုံး၊ ဥပဒေရုံးနှင့် ကြံ့ ဖွတ်ရုံးတို့ကိုလည်း ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးပေးခဲ့ကြောင်း သိရသည်။

 

“မနေ့က တိုက်ပွဲက စခ ၃ ဦးသေတယ်။ ဗိုက်ကို ရှပ်ထိတဲ့ စခတွေရောရှိတယ်။ ဒဏ်ရာရတဲ့သူတွေ ကိုတော့ မြိုင်မြို့နယ်ဆေးခန်းမှာ တင်ပို့ကုသာထားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ ဘယ်လောက်ရှိ တယ်ဆိုတာ မသိရဘူး။ စစ်အင်အားထပ်တိုးတာမျိုးလည်း မရှိပါဘူး” ဟု M.V.P Revolution Force မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို 8+အညာမြေစစ်ဆင်ရေးအဖွဲ့ ၊ M.V.P Revolution Force ၊ မြိုင်ပကဖ၊ မုံရွာ ခရိုင်းတပ်ရင်း ၂၇ တပ်ခွဲ ၃ သိန်းငှက်တပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ ဆင်ရိုင်းရာဇာ၊ God of Myaing ၊ တပ်ရင်း ၁၆ တပ်ခွဲ ၃ ၊ Anya Myay Guerilla Force Myaing ၊ Corba People Defense Force ၊ ကိုမုဆိုးအဖွဲ့ ၊ PKU Underground Force ၊ တမာမြေပြောက်ကျားတပ်ဖွဲ့ -မြိုင်၊ ဓာမင်းကြီးတပ်ဖွဲ့၊ ဂဋ္ဌုန် တပ်ရင်း ၁ တပ်ခွဲ ၂ နှင့် မြိုင်မြို့နယ် Drone အဖွဲ့များ ပူးပေါင်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *