Bago News

1 0
Read Time:2 Minute, 57 Second

ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်အုပ်စုကို ဝင်ရောက် တိုက်ခိုက်မှု  စစ်သား၊ ပျူ ၇ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၈

 

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အကြမ်းဖက် စစ် အုပ်စုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၇ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ (၁) YOMA GBK PDF အဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းအုပ်စု၊ ကွင်း ချောင်းကျေးရွာတွင် တပ်စွဲပြီးထားသော အကြမ်းဖက်စစ်သား ၂၀ ခန့်သည် ကျေးရွာအုပ်ချုပ်ရေးမှူး စိုးမင်းနိုင် ၊ ပျူ အဖွဲ့ဝင် ၁၅ ဦးခန့်တို့ပူးပေါင်းပြီး ပြည်သူများကို အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပြည်သူ များကို မတရားဆက်ကြေးကောက်ခြင်း၊ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုပြုလုပ်ခြင်းတို့ ကျူးလွန်နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းအကြမ်းဖက်စစ်သားများတပ်စွဲထားရာနေရာများကို ရိုးမညီနောင် PDF တပ်ပေါင်းစုက ၆၀ မမ ၊ ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၄ ဦးနှင့် ပျူစ ၃ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း ( ၃၈၀၁) တပ်ခွဲ – ၁ YOMA (QBK) PDF ၊ 5 – 6 AYEYAR NYI NAUNG တပ်ခွဲ – ၅ ကြို့ပင်ကောက် HERO ပျောက်ကြားတပ်ဖွဲ့နှင့် သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ -၁ DRAGON BROTHER (QBK) PDF နှင့် တပ်ခွဲ-၄ အုတ်ဖိုမြေအောက် ပျောက်ကြားတပ်ဖွဲ့ နှင့် တပ်ခွဲ . ၆ BLACK DRAGON (QBK) PDF နှင့် ရိုးမညီနောင်မဟာမိတ် တပ် ပေါင်းစုတို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သာယာဝတီ ခရိုင် တပ်ရင်း (၃၈၀၁) တပ်ခွဲ.၁ YOMA (GBK) ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရဲဘော် တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

 

တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အချိန်မရွေး စစ်ရေး ဖော်ဆောင်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်သား များ ၊ ပျူများနှင့် ထိတွေ့ဆက်ဆံခြင်း၊ အတူသွားလာခြင်း များ မပြုလုပ်ရန်ကြရန် သာယာဝတီခရိုင်၊ တပ်ရင်း၃၈၀၁ တပ်ခွဲ (၁) ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *