NUG News

1 0
Read Time:9 Minute, 30 Second

ခုခံတော်လှန်စစ် ၃ နှစ်ပြည့်ချိန်တွင် မဟာဗျူဟာမြောက် ထိုးစစ်ရေးထိုးစစ်ကို အသွင်ကူးပြောင်း နိုင် ခဲ့ ပြီဖြစ်ပြီး အဆုံးသတ်အောင်ပွဲများ ပြည်သူလူထုထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိတော့မည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြော

 

D Day News

စက်တင်ဘာလ ၇

 

ခုခံတော်လှန်စစ် ၃ နှစ်ပြည့်ချိန်တွင် မဟာဗျူဟာမြောက် ထိုးစစ်ရေးထိုးစစ်ကို အသွင်ကူးပြောင်း နိုင် ခဲ့ပြီဖြစ်ပြီး အဆုံးသတ်အောင်ပွဲများ ပြည်သူလူထုထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိတော့မည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆိုလိုက်သည်။

 

ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် ခုခံတွန်းလှန်စစ် ၃ နှစ်ပြည့် လူထုထံသို့ အမှာစကားပြောကြားရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

ယနေ့ စက်တင်ဘာလ ၇ ရက်နေ့သည် ခုခံတွန်းလှန် စတင်ကြောင်း ကြေညာသည့် ၃ နှစ်တိတိ ပြည့် မြောက်သည့် နေ့ဖြစ်ကြောင်း၊ ခုခံတော်လှန်စစ်အတွင်း၌ မိမိတို့၏ အသက်နှင့် ခန္ဓာကို တိုင်းပြည် နှင့် လူထုအတွက် ပေးဆပ်မြှုပ်နှံခဲ့သည့် သူရဲကောင်း၊ အာဇာနည်အပေါင်းကို အလေးအမြတ်ပြု ဦးညွှတ်ပါကြောင်း၊ ယခု နွေဦးတော်လှန်ရေးအတွင်းက ခုခံတော်လှန်စစ်သည် အတိတ်က ဖြတ်သန်း ခဲ့သည့် တော်လှန်ရေးသမိုင်းတို့ထက် ပိုမိုကျယ်ပြန့်ပြီး ဘက်ပေါင်းစုံ အလွှာပေါင်းစုံက ပါဝင်သည့် လူထုတော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲနေခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

“ပြည်သူလူထုတရပ်လုံးဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် ခုခံတော် လှန်စစ်အတွင်းမှာ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် တော်လှန်တိုက်ပွဲဝင်ပြီး၊ နိုင်ငံသစ် သမိုင်း ကို ရေးထွင်းနေခြင်းဖြစ်တယ်။ အနာဂတ်သမိုင်းသစ်ကို ရေးထွင်းတဲ့နေရာမှာ တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းသာယာပြီး လွတ်လပ်သော လူ့ဘောင်သစ်ကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက် ရေးနဲ့အတူ အုတ်မြစ်,တည်နေခြင်းဖြစ်တယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ကပြော ကြားသည်။

ခုခံတော်လှန်စစ် ကြေညာသည့် ၃ နှစ်တာကာလ ပြည့်မြောက်သည့်အချိန်တွင် ခုခံတော်လှန်စစ်မှ သည်မဟာဗျူဟာမြောက်စစ်ရေးထိုးစစ်သို့ အသွင်ကူးပြောင်းလာနိုင်ပြီ ဖြစ်ပြီး နိုင်ငံ့၏ နယ်နိမိတ် အတွင်းရှိ တိုင်းရင်းသားတော်လှန်ရေးအင်အားစု အသီးသီးကလည်း မိမိတို့ နယ်ပယ်ဒေသများတွင် လွတ်မြောက်ဒေသနှင့် ထိန်းချုပ်နယ်မြေများကို ဖော်ဆောင်နိုင်ရုံမျှမက၊ တိုင်းရင်းသားအင်အားစု အချင်းချင်း ပူးပေါင်းတည်ဆောက်ထားသည့် စစ်ရေးမဟာမိတ်တပ်ပေါင်းစုတိုက်ပွဲတွေကိုလည်း ကျယ်ပြန့်စွာ ဖော်ဆောင်ထားနိုင်ပြီး ဖြစ်သည်ဟု ဆိုသည်။

 

အကြမ်းဖက် စစ်ကောင်စီအနေဖြင့် စစ်ရေးယန္တရားကို အသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပစ်မှတ်များကိုပါ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်လာ နေကြောင်း၊ ခုခံတော်လှန်စစ်အတွင်း အကြမ်းဖက် စစ်ကောင်စီသည် မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်းပြီး တအိအိ ပြိုကျနေသည်မှာ အထင်အရှားဖြစ်ကြောင်း၊ ထို့ကြောင့် အရပ်သားပစ်မှတ် များကို ဦးတည်ပြီး လေကြောင်းအင်အားကို အဓိကထားကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း နိုင်ငံ တော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

“စစ်ကောင်စီဟာ လူထုရဲ့ အသက်နဲ့ ခန္ဓာကို စတေးပြီး ၎င်းတို့ရဲ့ အာဏာအဆောက်အအုံကို မြဲမြံစေ ရေးအတွက် အသုံးချနေတာကို တွေ့ရတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ စစ်ရေး ယန္တရား၊ စစ်ဗျူရိုကရေစီယန္တရားနဲ့ စစ်အာဏာရှင်တို့ရဲ့ လက်ဝေခံ အသိုင်းအဝိုင်းဟာ အကြမ်းဖက် စစ်ကောင်စီကို သက်ဆိုးရှည်အောင်၊ အသက်ရှုပေါက်ချောင်အောင် ဆက်လက်ပံ့ပိုးပေးနေကြတယ်။ တရားသောခုခံတော်လှန်စစ်ဟာ အဆုံးသတ်မှာ မုချ အနိုင်ရရှိလိမ့်မယ်လို့ ကျွန်ုပ် ယုံကြည်တယ်။ အဆုံးသတ်အချိန်မှာ၊ လူထုတရပ်လုံးရဲ့ အထွေထွေ အောင်ပွဲအရပ်ရပ်ဟာ ပြည်သူလူထုအားလုံး ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှာ ဖြစ်တယ်။ လက်ရှိ ခုခံတော်လှန်စစ်လှိုင်းလုံးတွေဟာ တရိပ်ရိပ်နဲ့ စစ်အာဏာရှင်ယန္တရားအသီးသီးကို တိုက်စားဖြိုဖျက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးအတွက် ပုဒ်မ (။) ချပေးနိုင်ပါလိမ့်မယ်။ ဒါဟာ အပြောမဟုတ်ဘဲ ခုခံတော်လှန်စစ် (၃) နှစ် တာကာလမှာ အလုပ်နဲ့ သက်သေပြပြီး ဖြစ်တယ်။ ဆက်လက်ပြီးတော့လည်း ကာယကံမြောက် ပေါ်ထွက်လာမယ့် လူထုအောင်ပွဲတွေကို ထပ်မံ ဖော်ထုတ်နိုင်ဖို့ ရှိနေတယ်။” ဟု နိုင်ငံတော်ယာယီ သမ္မတ ဒူဝါလရှီးလက ဆက်လက်ပြောကြားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် “ပြည်သူ့ကာကွယ်ရေး” ဆိုသည့် အမည်နာမနှင့် ကိုက် ညီစေရန် တော်လှန်ရေးအနှစ်သာရကို ထိန်းသိမ်းစောင့်ရှောက်ရန် အထူးလိုအပ်ကြောင်း၊ တော်လှန် ရေးကျင့်ဝတ်နှင့် တရားသောစစ်၏ ကျင့်ဝတ်များကို လေးစားလိုက်နာပြီး ပြည်သူလူထု၏ အသက် အိုးအိမ်နှင့် စည်းစိမ်ကို မိမိတို့အသက်နှင့် ထပ်တူ ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း သတိ ပေး ထားသည်။

 

“လူထုရဲ့ နှလုံးသည်းပွတ်ကို ပိုင်စိုးနိုင်သူဟာ တော်လှန်ရေးအောင်ပွဲရဲ့ ပဲ့ကိုင်ရှင် ဖြစ်နိုင်တယ်ဆို တာ မမေ့အပ်ဘူး။ ခုခံတော်လှန်စစ်မှာ တော်လှန်ရေးခံယူ ချက်၊ တော်လှန်ရေးယုံကြည်ချက်ကို မြဲမြံစွာနဲ့ မိမိတို့ ကျရာ အခန်းကဏ္ဍကနေ အလွှာအသီးသီး၊ နယ်ပယ်အသီးသီးနဲ့ ကဏ္ဍအသီးသီး ကနေ ပါဝင်ထမ်းရွက်နေကြတဲ့ တော်လှန်ရေးတပ်သားအပေါင်းကို လေးမြတ်စွာ ဦးညွှတ်ကြောင်း ပြောချင်တယ်။ မတူကွဲပြားမှုတွေကို အချင်းချင်းအကြား အသိအမှတ်ပြုပြီး၊ ဘုံရန်သူကို အမြစ် ပြတ်အောင် တွန်းလှန်တိုက်ထုတ်ကြဖို့ ဖြစ်ပါတယ်။ စစ်အာဏာရှင်ရဲ့ အကျင့်စရိုက်တွေဟာ ခေတ် စနစ် ထဲမှာ အရိုးစွဲအောင် အမြစ်တွယ်နေတာဖြစ်ခြင်းကြောင့်၊ ရုပ်ပိုင်းဆိုင်ရာ တော်လှန်ရေး အပြင် နာမ်ပိုင်းဆိုင်ရာ တော်လှန်ရေးဖြစ်တဲ့ စနစ်အရ တော်လှန်ခြင်း၊ ဓလေ့အရ တော်လှန်ခြင်းနဲ့ အတွေး အခေါ်အရ တော်လှန်ခြင်းတွေအထိပါ ကျယ်ပြန့်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလ က ပြောကြားသည်။

 

နွေဦးတော်လှန်ရေးသည် လူထုတော်လှန်ရေးစစ်စစ်ဖြစ်ပြီး ခုခံတော်လှန်စစ်သည် မြေပေါ် မြေ အောက် နေရာအနှံ့ တတိုင်းပြည်လုံး အုံကြွတော်လှန်သည့် ခုခံတော်လှန်စစ်ဖြစ်ကြောင်း၊ ထို့အပြင် လူတန်းစားအစုံ၊ လူမျိုးပေါင်းစုံ၊ အင်အားစုပေါင်းစုံ မိမိတို့ နေရာဌာနအလျှောက် တော်လှန်ကြသည့် အကျယ်ပြန့်ဆုံးသော တော်လှန်ရေးလှိုင်းကြီးဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလက အသိပေးထားသည်။

 

“လက်နက်ကိုင်လမ်းစဉ်အရ သော်လည်း ကောင်း၊ နိုင်ငံရေးလမ်းစဉ်အရသော်လည်းကောင်း၊ လူထု လမ်းစဉ်အရသော်လည်းကောင်း စစ် အာဏာရှင် စနစ်ကို အမြစ်လှန်တော်လှန်တဲ့ တော်လှန်ရေး ဒီရေမုန်တိုင်းဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ရဲ့ အဆောက်အအုံဟောင်းတွေ အားလုံးကို အပြီး သပ်ရှင်းလင်းအောင်အထိ ဖြိုချ သန့်စင်ပစ်မှာ ဖြစ်တယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးဘက်တော် သားအားလုံးဟာ ဘယ်သို့သော အခြေအနေမှာမဆို လူထုနဲ့ တသားတည်း ရှိရေး၊ လူထုနဲ့အတူ ရှိ ရေးဟာ တော်လှန်ရေးရဲ့ အခြေခံအမူအကျင့် ဖြစ်ဖို့ အထူးလိုအပ်တယ်။” ဟု နိုင်ငံတော်ယာယီ သမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

ပြည်သူလူထုနှင့် အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးအတွက် စစ်အာဏာရှင်စနစ် ၏ အဆောက်အအုံဟောင်းအားလုံးကို အတူတကွ ရှင်းလင်းသုတ်သင်ရန် နောက်ဆုံးတကြိမ် အား စိုက် ရုန်းထကြရန် ဆက်လက်တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *