Magway News

0 0
Read Time:2 Minute, 16 Second

မြိုင်မြို့နယ်၊ လက်ယက်မရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ် တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက် ခိုက်မှု အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

 

D Day News

စက်တင်ဘာလ ၇

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ် က တိုက်ခိုက်လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရ ရှိခဲ့ကြောင်း We Love Myaing ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၆ ရက် မွန်းတည့် ၁၂ နာရီ ၅၅ မိနစ်ခန့်က မြိုင်မြို့နယ်၊ လက်ယက်မ ကျေးရွာ တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတိုက် လေ ယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ်၊ အသက် ၁၈ နှစ်အရွယ်၊ အသက် ၆၀ အရွယ်၊ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ၄ ဦးနှင့် အသက် ၃၇ နှစ်အရွယ်၊ အသက် ၃၄ နှစ်အရွယ် အမျိုးသား ၂ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

“၅၀ ကျော် အမျိုးသမီးတစ်ဦးရယ်၊ အသက် ၃၀ ကျော်အမျိုးသား ၂ ဦးရယ်၊ အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးရယ်က တစ်မိသားစုထဲပါ၊ သူတို့က မိသားစုလိုက် ဗုံးခိုကျင်းထဲဝင်နေတာ။ ဗုံးခို ကျင်းပေါ်တည့်တည့် ပေါင် ၃၀၀ ဗုံးသီးကျပေါက်ပြီး သေသွားကြတာ၊ အဲဒီမိသားစုက အဖေတစ် ယောက်ပဲကျန်တယ်။ စုစုပေါင်း ၆ ဦးသေပါတယ်” ဟု We Love Myaing မှ တာဝန်ရှိသူတစ်ဦးက  ပြောကြားသည်။

 

ထို့အပြင် အပြစ်မဲ့ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်းဆောင် ၃ ဆောင်နှင့် နေအိမ် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း၊ ပြည်သူမွေးထားသော နွား ၁၀ ကောင်ခန့်လည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *