Bago News

0 0
Read Time:2 Minute, 54 Second

ဖြူးမြို့နယ်ရှိ အကြမ်းဖက်စစ်သားများတပ်စွဲထားရာ နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၇

 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာနေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဖြူးမြို့နယ် ပကဖထံမှ သိရသည်။

 

ဩဂုတ်လ ၄ ရက်နေ့က ဖြူးမြို့နယ်၊ စက်ကျေးရွာ အနောက်ခြမ်းသို့ ဝင်ရောက်ကာ အထိုင်ချ တပ်စွဲ ထားသည့် စစ်သားများကို နံနက် ၁၀ နာရီ ၅၁ မိနစ်တွင် တစ်ကြိမ်၊ ညနေ ၃ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ်နှင့် ၄ နာရီ မိနစ် ၃၀ အချိန်တွင် တစ်ကြိမ် စုစုပေါင်း ဒရုန်းဖြင့် ၃ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ လိပ်ပေါကျေးရွာဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဖြူးမြို့နယ်ပကဖ Drone အဖွဲ့နှင့် သာယာဝတီမြို့နယ် ပကဖ Drone အဖွဲ့ များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု အတိအကျ သိရှိရခြင်းမရှိကြောင်း၊ ယင်းကျေးရွာနေပြည်သူများမှာလည်း အကြမ်းဖက်စစ်တပ် စစ်ကြောင်း ဝင် ရောက်မှုကြောင့် ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၅ ရက် နေ့တွင် ဖြူးမြို့နယ်၊ လိပ်ပေါကျေးရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဖြူးမြို့ နယ် ပကဖ ထံမှ သိရသည်။

 

စက်တင်ဘာလ ၅ ရက် နံနက် ၇ နာရီ ၇ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီ ၂၆ မိနစ်တွင် တစ် ကြိမ်ဖြူးမြို့နယ်၊ လိပ်ပေါကျေးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းနေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဖြူးမြို့နယ် ပကဖ Drone အဖွဲ့နှင့် သာယာဝတီမြို့နယ် ပကဖ Drone အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လိပ်ပေါကျေးရွာရှိ အကြမ်းဖက်စစ်သားများသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များအတွင်းမှ ပြည်သူပိုင်ပစ္စည်းများ၊ မြေဩဇာအိတ်များကို ဖောကား ၂ စီးဖြင့် တိုက်ထုတ်ခိုးယူနေကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *