AA News

0 0
Read Time:5 Minute, 27 Second

အကြမ်းဖက်စစ်သား ၁၂၀၀ ကျော်ဖြင့် ခုခံကာကွယ်နေသည့် သံတွဲမြို့ မောင်ရွှေလေးရေတပ်စခန်း ကို အပြီးသတ်သိမ်းပိုက်ရရှိ၊ စစ်သား ၄၀၀ ကျော်သေဆုံးပြီး ရဟတ်ယာဉ် တစ်စီးအပါအဝင် စစ်သုံး အဆောင် ပစ္စည်းအမြောက်အများသိမ်းဆည်းရရှိ

 

D Day News

စက်တင်ဘာလ ၇

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိအကြီးဆုံးရေတပ်စခန်းတစ်ခုဖြစ်သည့် အကြမ်းဖက်စစ်သား အင်အား ၁၂၀၀ ကျော်ဖြင့် ခုခံကာကွယ်နေသော မောင်ရွှေလေးရေတပ်ကို အပြီး သတ်သိမ်းပိုက်ရရှိခဲ့ရာ စစ်သား ၄၀၀ ကျော်သေဆုံးပြီး ရဟတ်ယာဉ်တစ်စီးအပါအဝင် ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ရခိုင့်တပ်တော် – AA ကထုတ်ပြန်သည်။

 

အာရက္ခတပ်တော်သည် သံတွဲမြိုနယ်၊ မောင်ရွှေလေးရွာ နှင့် ကွင်းဝိုင်းရွာအကြား၌တည်ရှိသော ဖက်ဆစ်စစ်ကောင်စီ၏ လက်ကျန်စခန်းကြီး တစ်ခု ဖြစ်သော ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေး တပ်စခန်း (တပ်မတော်-ရေ) (တနည်းအားဖြင့်) Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းနှင့် ၎င်းပတ် ဝန်း ကျင်မှ အဆင့်ဆင့်ခုခံကြသော အကြမ်းဖက် စစ်ကြောင်းများအား အာရက္ခတပ်တော်မှ ဩဂုတ်လ (၇) နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာလ ၅ ရက် ညနေ ၆ နာရီအချိန်တွင်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း သိရသည်။

မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်(တပ်မတော်-ရေ) စခန်းနှင့် ၎င်းပတ်ဝန်းကျင်များ၌ စစ်ကောင်စီသည် အဆင့်ဆင့်သော ခုခံစစ်ကို လေကြောင်း၊ ရေကြောင်းပစ်ကူအများအပြားဖြင့် ခုခံခဲ့သော်လည်း အာရက္ခတပ်တော်၏ ရဲရင့်ပြောင်မြောက်ပြီး ဗျူဟာမြောက်ထိုးစစ်အောက်တွင် တစ်လအတွင်း အဆိုပါစခန်းအား လက်လွှတ်ဆုံးရှုးခဲ့ရပြီးဖြစ် သည်။

 

ယင်း ပင်မရေတပ်စခန်း CNDSD နှင့် ၎င်းပတ်ဝန်းကျင်၌ စစ်သား စုစုပေါင်းအင်အား ၁၂၀၀ ကျော်ရှိ ပြီး ရေတပ်စခန်း၌ စစ်ရှုံး၍ နေရာစုံမှ ထွက်ပြေးလွတ်မြောက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များ၊ လောလောလတ်လတ် စစ်သင်တန်းဆင်းလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြား သောနေရာများမှ စစ်ကူအမြောက်အမြားတို့ဖြင့် အင်အားဖြည့်တင်းထားသည့် စခန်းဖြစ်ကြောင်း သိရသည်။

 

မောင်ရွှေလေးရေတပ်စခန်း စခန်းမကျစေရေးအတွက် အကြမ်းဖက်စစ်ကောင်စီက ပင်လယ်ပြင် နှင့် စခန်းအတွင်းမှ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးပြီး ခုခံကာကွယ်ခဲ့သော စခန်းကြီး တစ်ခု ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရေတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ တပ်ဖွဲဝင် (၄၀၀) ကျော်သေဆုံးပြီး ရဟတ်ယာဉ်တစ်စီးအပါအဝင် စစ်အသုံးအဆောင်ပစ္စည်း၊ လက် နက် ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

မောင်ရွှေလေးရေတပ်စခန်းအတွင်းမှ ဒဏ်ရာရ၊ သေဆုံးသော သူများကို အကြမ်းဖက် စစ်တပ်က စစ်သင်္ဘောများဖြင့် သယ်ဆောင်ပြီး စစ်တွေ နှင့် ဧရာဝတီတိုင်းဖက်သို့ အကြိမ်ကြိမ်သယ်ယူရွှေ့ ပြောင်းသွားခဲ့ကြောင်း၊ သယ်ယူသွားခြင်းမရှိသည့် အကြမ်းဖက်စစ်သား အလောင်းများကို ရခိုင့်တပ် တော်မှ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ဖက်ဆစ် စစ်ကောင်စီ၏ ရေတပ်စခန်း ထိုးစစ်အတွင်း ထူးချွန်ပြောင်မြောက်သော အာရက္ခစစ်သည် တော်များ၊ ထိုးစစ်၏ ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော သက်ဆိုင်ရာ တပ်ဖွဲဝင်များ၊ အာရက္ခဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများအား လေးနက်စွာ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါ ကြောင်း ရခိုင့်တပ်တော်က ထုတ်ပြန်ပြောဆိုထားသည်။

 

စစ်ရှုံးစစ်ကောင်စီသည် စခန်းများစွန့်လွှတ်ကျရှုးသည့်အခါတိုင်း၌ ပြုလုပ်လေ့ရှိသည့်အတိုင်း အရပ် သားပြည်သူလူထုများရှိရာသို လက်နက်ကြီး၊ လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှုများ ကို ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့၊ နံနက် (၁၀) နာရီ (၄၇) မိနစ်အချိန်တွင် စစ်တွေမြိုရှိ ဖက် ဆစ် စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သော စစ်တွေ၊ အမှတ် (၁၂) ရဲတပ်ရင်း အတွင်းမှလည်း ကောင်း၊ နံနက် (၁၀) နာရီ (၅၇) မိနစ်တွင် စစ်တွေ၊ ပွိင့်ရေတပ်စခန်းမှ လည်းကောင်း ပေါက်တော မြို့ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ရွာများအတွင်း ကျရောက်ပေါက်ကွဲ ခဲ့ပြီး လူနေအိမ်အချို ပျက်စီးခဲ့ကြောင်း သိရှိရသည်။

 

မောင်တောမြိုသိမ်းတိုက်ပွဲသည်လည်း ယခင်ရက်များနည်းတူ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ရခိုင့်တပ်တော် AA က အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *