War Crime News

0 0
Read Time:3 Minute, 24 Second

မြိုင်မြို့နယ်နှင့်နွားထိုးကြီးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ ပစ် ခတ် တိုက်ခိုက်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကာ နေအိမ် ၃ လုံးထက်မနည်းပျက်စီး

 

D Day News

စက်တင်ဘာလ ၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ် က တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေ ဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ယနေ့ စက်တင်ဘာလ ၆ ရက် မွန်းတည့် ၁၂ နာရီ ၅၇ မိနစ်အချိန်ခန့်က မြိုင်မြို့နယ်မြောက်ပိုင်း၊ လက်ယက်မကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကျဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် ပြ်ညသူ ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေ အနေ အသေးစိတ်ကို သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

 

“အထက စာသင်ကျောင်းနဲ့ ပတ်ချာလည်ကို တိုက်လေယာဉ်နဲ့ ပစ်သွားတာဗျ၊ ကလေးတစ်ဦး သေတယ်၊ နောက်ထပ်တစ်ယောက်လည်းသေတယ်။ သေတာ စုစုပေါင်း ၄ ယောက်ရှိသွားပြီ အသေး စိတ်အခြေအနေတော့ မသိရသေးဘူး။ ဘာတိုက်ပွဲမှ မရှိဘူး။ အကြောင်းမဲ့ သက်သက်ကို ဗုံးလာ ကျဲတာ။” ဟု ဒေသနေပြည်သူ တစ်ဦးက ပြောကြားသည်။

 

အလားတူ နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းကျေးရွာနှင့် ဖလံကုန်းကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးထိခိုက်ပြီး နေအိမ် ၃ လုံးထက် မနည်းပျက်စီး ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်က နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်း ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံးပျက်စီးခဲ့ပြီး တဆက်တည်းတွင် ဖလံကုန်းကျေးရွာကိုပါ ထပ် မံ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး နောက်ကျော ထိခိုက်ဒဏ်ရာရ ရှိ ခဲ့ကြောင်း သိရသည်။

 

“ဆူးရစ်ကုန်းရွာကို ဂျက်ဖိုက်တာနဲ့ ၃ ခေါက်ပတ်ပျံပြီး ပထမ ၃ လုံးကျဲတယ်။ ဒုတိယအကြိမ် ၂ လုံး ထပ်ကျဲတယ်။ နေအိမ် ၃ လုံးပျက်စီးတယ်။ ဒုတိယအကြိမ်မှာက ဖလံကုန်းရွာကိုပါ တဆက်တည်း ၁ လုံးကျဲချသွားတာ။ အဲဒီမှာက အမျိုးသားတစ်ဦးထိတာ။ PDF အဖွဲ့တွေလည်းမရှိဘူး၊ တိုက်ပွဲလည်း မရှိဘူး။ တမင်သက်သက်ကိုလာကျဲနေတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

Photo – နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းကျေးရွာနှ့င် ဖလံကုန်းကျေးရွာ ဗုံးကျဲခံရပြီး ထိခိုက်ပျက်စီး မှုများ

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *