Shan State News

0 0
Read Time:3 Minute, 41 Second

နမ့်ခမ်းမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၁၁ ဦးသေဆုံးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း -TWO ထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၆ ရက် နံနက်အစောပိုင်း ၁ နာရီခွဲဝန်းကျင်တွင် နမ့်ခမ်းမြို့၊ ညဈေးတန်း အ နောက်ဘက်နှင့် ကျားဖြူခန်းမတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံး ကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် မိသားစုလိုက် သေဆုံးမှုရှိ ပြီး စုစုပေါင်း ၁၁ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကလေးငယ်နဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးပါတာက မိသားစုတစ်စုလုံး သေဆုံးသွားတာ။ ကလေးက ၄ နှစ် အရွယ်၊ ပြီးရင်အဲဒီအမျိုးသမီးက ကိုယ်ဝန်ဆောင်နဲ့။ ပြီးရင် သူ့အမျိုးသားပေါ့။ သူတို့မိသားစု အပါအဝင် ၁၁ ဦးသေတယ်၊ ၁၂ ဦးဒဏ်ရာရတယ်။ တခြားအိမ်တွေထဲမှာမှ ပြင်းထန်ဒဏ်ရာတွေက ဆေးရုံရောက်မှ သေဆုံးတဲ့ဟာမျိုးတွေလည်းရှိတယ်။ ပထမ တစ် ခေါက်လာကျဲတာက ညဈေး တန်း လျှပ်စစ်ပစ္စည်းဆိုင်နားလေးမှာ လာကျဲသွားတာ။ဒုတိယအခေါက် ကတော့ ကျားဖြူခန်းမဘက်မှာ ကျဲသွားတာ။” ဟု  တအာင်းအမျိုးသမီးအဖွဲ့အစည်း -TWO မှ တာဝန်ရှိသူတစ်ဦး ပြောကြားသည်။

 

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ဦးအပါအဝင် အမျိုးသား(၅) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး(၄) စုစုပေါင်း(၁၁)ဦး သေဆုံးသွားခဲ့ပြီး ကလေးငယ် (၂)ဦး အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၅)ဦး စုစုပေါင်း (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် (၆)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

ထိုအပြင် စက်တင်ဘာလ (၃)ရက်နေ့တွင် မန်တုံမြို့ကို လည်းကောင်း၊ စက်တင်ဘာလ (၄) ရက်နေ့တွင် သီပေါမြို့ကိုလည်းကောင်း လာရောက်ဗုံးကြဲတိုက်ခိုက်မှုခဲ့ကြောင့် (၁)ဦးသေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

နမ့်ခမ်းမြို့သည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် မြို့တစ်မြို့ဖြစ်ပြီး ယခုဗုံးကြဲမှုသည် PSLF/TNLA အုပ်ချုပ် သည့်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ထိုသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက် စစ်ကောင်စီ၏ လေယာဉ်သည် တရုတ်နိုင်ငံပိုင်နက်ထဲကျော်တက်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ အရပ်သားပစ်မှတ်များဦးတည်ကာ လူအများအပြားသေစေနိုင်သည့် ပေါင်(၅၀၀)ဗုံးများဖြင့် နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *