Sagaing News

0 0
Read Time:5 Minute, 31 Second

မြင်းမူမြို့နယ်၊ တောချောင်းဦးစခန်းနှင့် စစ်ကြောင်းကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂၀ ကျော် သေဆုံး(ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၆

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ တောချောင်းဦးကျေးရွာ အကြမ်းဖက်စစ်တပ် အထိုင်စခန်းနှင့် စစ်ကူ စစ်ကြောင်းကို တစ်ပတ်ကြာတိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း Black Eagle Defence Force (MMU) ထံမှ သိရသည်။

 

ဩဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီ မိနစ် ၃၀ အချိန်တွင် မြင်းမူမြို့နယ်၊ တောချောင်းဦး အကြမ်း ဖက် စစ်တပ် စခန်းကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၁၈ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ထို့အပြင် ဘန်ကာ ၂ လုံးပြိုကျပြီး ဆက်သွယ်ရေး အထိုင် ၁ ခုနှင့် လိုင်းခန်း ၁ ခု လည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ ဩဂုတ်လ ၂၂ ရက်နေ့တွင်လည်း ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၁၈ လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ ရာ အကြမ်း ဖက် စစ်ကောင်စီ တပ်သား ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာ ရီ ၄၅ မိနစ်ခန့်တွင် ဒရုန် ၂ စီးဖြင့် ဗုံသီး ၁၉ လုံး၊ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဗုံးသီး ၁၆ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ဒရုန်းဖြင့် ဗုံးသီး ၁၈ လုံး ကြဲချ တိုက် ခိုက်ပြီး  ည နေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် ယင်းအကြမ်းဖက်စစ်တပ်စခန်းအနီးသို့ ချဉ်းကပ်ကာ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နေ့ ည ၁၂ နာရီ ခန့်တွင်လည်း ဒရုန်းဖြင့် ဗုံးသီး ၁၆ လုံး​ဖြင့် ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လ ၂၅ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီး ၃၆ လုံးကြဲချပြီးနောက် မွန်းတည့် ၁၂ နာရီခန့်တွင် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ၀င်ရောက် စီးနင်း တိုက်ခိုက် ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး မျက်မြင်သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့မှ ပကဖ တိုက်နယ်တာ၀န်ခံ (၁) ဦးကျည်ထိမှန် ဒဏ်ရာပြင်းထန်ခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းလွဲ ၁ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးရောက်ရှိလာပြီး ဗုံးသီး ၆ လုံးကြဲချကာ Rocket ဖြင့် အကြိမ် ၄၀ ခန့် ပစ်ခတ်ခဲ့သဖြင့် စခန်းသိမ်းနိုင်ခြင်းမရှိပဲ ပြန်လည်ဆုတ် ခွာခဲ့ရသည်ဟု ဆိုသည်။

 

သြဂုတ်လ ၂၅ ရက်နေ့ ညပိုင်းတွင် မြင်းမူမြို့နယ်၊ တောချောင်းဦးကျေးရွာ အနီးပတ်ပတ်လည်သို့ စွမ်းရည်ထက် အထိုင်စခန်းမှ အကြမ်းဖက်စစ်သားများက  ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ခန့်ထိခိုက်သေဆုံးကာ စစ်တပ် အ ထိုင်စခန်းရှိ ဘန်ကာများ၊ အဆောက်အအုံများလည်း ထိခိုက်ပျက်စီးမှု များပြားခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဩဂုတ်လ ၂၅ ရက်နေ့တွင် မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ မှ သံပြားကာ စစ်ကား ၃ စီးဖြင့် နတ်ရေကန်ကျေးရွာသို့ အင်းအား ၁၀၀ ခန့်ပို့ဆောင်ခဲ့ကြောင်း၊ ယင်း အကြမ်းဖက်စစ်သားများသည် ၂၆ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန် အကြမ်းဖက် စစ်တပ် အထိုင်စခန်းမှတဆင့် မြင်းမူမြို့နယ်၊ တောချောင်း ဦး အထိုင်စခန်းကို ခြေလျင် စစ်ကြောင်းထိုးလာ စဉ် ညနေပိုင်း၌ မြင်းမူမြို့နယ် ပကဖ တပ်ဖွဲ့မှ ဒရုန်းဖြင့် တောချောင်းဦး အထိုင်စခန်းကို ထပ်မံ ဗုံး ကြဲ တိုက်ခိုက်ခဲ့ကြောင်း၊  ဩဂုတ်လ ၂၇ ရက်နေ့ ည ၇ နာရီခန့်တွင်လည်း မြင်းမူမြို့နယ် ပကဖ ဦးစီး အဖွဲ့က ယင်းအကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်ပြီး မြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၊ မြို့နယ်ပကဖ ဒရုန်းတပ်ဖွဲ့၊ Black Eagle Defence Force (MMU) ၊ Black Eagle Drone Force ၊ မြင်းမူမြို့နယ်ပလဖ ၊ စစ်ကိုင်းမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၊ စစ်ကိုင်းမြို့နယ် ပကဖ ဒရုန်း တပ်ဖွဲ့ ၊ စစ်ကိုင်းခရိုင်ရင်း (၂) ခွဲ (၁) ၊ ဖယ်ဒရယ်၀င်းဒရုန်းတပ်ဖွဲ့ (စစ်ကိုင်း) ၊ YoungWoulf ဒရုန်း တပ်ဖွဲ့ ၊ YoungWoulf တိုက်ခိုက်ရေးတပ်ဖွဲ့ ၊ Wing Of KSE Drone Force ၊ TGYR ၊ (ငန်းဇွန်) ၊ စစ် ကိုင်းခရိုင်ပကဖ ထုတ်လုပ်ရေးတပ်ဖွဲ့နှင့် ရေနဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CHU) တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *