Karenni News

0 0
Read Time:5 Minute, 3 Second

ဖယ်ခုံမြို့နယ်၊ လအိရွာအနီးရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်မှု အသက် ၂ နှစ်အထက်ရှိ ကျောင်းနေအရွယ် ကလေးငယ်များအပါအဝင် ပြည်သူ ၉ ဦး သေဆုံးပြီး ၂၀ ကျော်ဝန်းကျင်ဒဏ်ရာရ

 

  • စစ်ရာဇဝတ်မှုကျူးလွန်သူများအား ကင်းလွတ်ခွင့်မရရှိစေဘဲ ကမ္ဘာစစ်ခုံရုံတင်ကာ တရားစွဲဆိုသွား မည် ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC ထုတ်ပြန်

 

D Day News

စက်တင်ဘာလ ၆

 

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ် အနောက်ခြမ်း၊ လအိမ်ကျေးရွာအနီးရှိ ဘန်ကောက်စစ်ရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အထက် ကျောင်းနေအရွယ် ကလေးငယ်များအပါအဝင် ပြည်သူ ၉ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက တရားဝင်သတင်းထုတ်ပြန်သည်။

 

ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့က ဖယ်ခုံမြို့နယ်အနောက်ခြမ်း၊ လအိကျေးရွာအနီးရှိ ဘန် ကောက်စစ်ရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အထက်ရှိ ကျောင်းနေအရွယ် ကလေးငယ်ျမားအပါအဝင် အမျိုးသမီး များအပြစ်မဲ့ပြည်သူ ၉ ဦးသေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကရင်နီပြည်နယ်တွင် ၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်မှ အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ကျူးလွန်ခဲ့ပြီးဖြစ်သလိုလက်ရှိလည်း ကျူး လွန်နေဆဲပင်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်၏ အရပ်သားပြည်သူများ အပေါ် ပစ်မှတ် ထားကာ လေကြောင်းဖြင့် တိုက်ခိုက်မှုများကြောင့်အရပ်သားပြည်သူပေါင်း (၂၄) ဦး သေဆုံးခဲ့ရပြီး (၄၀) ဦးကျော် ဒဏ်ရာရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်သည် လူသားများ၏ ဘဝလုံခြုံစွာ ရှင်သန်ရပ်တည်ခွင့်အား တရားလက်လွတ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း ပြသနေခြင်းသာဖြစ်ကြောင်း၊ လေ ကြောင်းတိုက်ခိုက်မှုကြောင့် သေကြေဆုံးရှုံးကြရသည့် အပြစ်မဲ့ပြည်သူများနှင့် ၎င်းတို့၏ ကျန်ရစ်သူ မိသားစုဝင်များနှင့်အတူ ကရင်နီပြည်၊ ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ထပ်တူထပ်မျှ စိတ်နှလုံး ကြေကွဲဝမ်းနည်းရပါကြောင်း ထုတ်ပြန်ထားသည်။

 

အကြမ်းဖက်စစ်တပ်၏ အပြစ်မဲ့ပြည်သူများအား တမင်အကြံအရွယ်ဖြင့် နည်းလမ်းပေါင်းစုံမှ ကျူး လွန်နေမှုသည် ဖြစ်ရိုးဖြစ်စဉ်ကိစ္စရပ်တစ်ခုကဲ့သို့ ဆက်လက်ပြီး လွယ်လင့်တကူမျက်ကွယ်မပြုဘဲ လက်တွေ့ကျပြီး ထိရောက်သော အရေးယူဆောင်ရွက်မှုများကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ (UN member states )၊ ဥရောပ အဖွဲ့ဝင်နိုင်ငံများ(EU)နှင့် အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံများ -ASEAN တို့မှ ဖော်ဆောင်ပေးကြပါရန် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ တောင်းဆိုထား သည်

 

အကြမ်းဖက်စစ်အုပ်စုထံ နိုင်ငံအသီးသီးမှ လက်နက်ခဲယမ်းတင်ပို့ရောင်းချမှုကို တင်းကြပ်စွာ ပိတ်ဆို့ အရေးယူရန်၊ လေကြောင်းရန်မှ တားဆီးနိုင်ရန်အတွက် လေယာဉ်ဆီများ တင်ပို့ရောင်း ချပေးမှုကို လုံးဝရပ်တန့်ပေးသွားရန်၊ စစ်တပ်မှ ကျူးလွန်ခဲ့သည့် လူမျိုးပြုန်းဆိတ်သုန်းစေသော စစ်ရာဇဝတ် မှုများအား ထိရောက်စွာ နိုင်ငံတကာစစ်ခုံရုံးမှ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန်နှင့် ကရင်နီ ပြည်သူ များအပါအဝင် အတိဒုက္ခရောက်နေကြသည့် မြန်မာပြည်သူများ အားလုံးကို လူသားချင်း စာနာ ထောက် ထားမှု အကူအညီများအား တိုးချဲ့ပံ့ပိုး ကူညီပေးသွားရန် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက တောင်းဆိုလိုက်ခြင်းဖြစ်သည်။

 

ကရင်နီပြည် ကြားကာလအုပ်ချုပ် ရေးကောင်စီအနေဖြင့် ကရင်နီပြည်သူအပါအဝင် မြန်မာ ပြည်သူ တစ်ရပ်လုံးနှင့်အတူ အကြမ်းဖက် စစ်တပ်မှ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအား ဥပဒေအရ ကင်း လွတ်ခွင့် မရရှိစေဘဲ တရားမျတစွာ ကမ္ဘာ့စစ်ခုံရုံးများသို့ တရားစွဲအပြစ်ပေး အရေးယူသွား နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *