Bago News

0 0
Read Time:3 Minute, 13 Second

ဖြူး-အုတ်ဖြတ်လမ်းပိုင်းတွင် စစ်ကောင်စီတပ် ရိက္ခာတင်ကားတစ်စီးကို စစ်သား ၂ ဦးနှင့်အတူ ဖမ်းမိ၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ၃ ဦးအပါအဝင်ပြည်သူ ၅ ဦးဒဏ်ရာရ

 

  • ညောင်လေးပင်မြို့နယ်၊ရေဖြူကန်ကျေးရွာ၌ တပ်စွဲထားသောစစ်သားများကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

 

D Day News

စက်တင်ဘာလ ၆

 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဖြူး-အုတ်ဖြတ်လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ် ရိက္ခာတင်ကား တစ်စီးကို စစ်သား ၂ ဦးနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် ၂ စစ်ဒေသ ခွဲထံမှ သိရသည်။

 

စက်တင်ဘာလ ၃ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်က ဖြူးမြို့နယ်၊ ဖြူး-အုတ်ဖြတ်လမ်း ပိုင်း၊ အောက်ခုံကျေးရွာတွင် အကြမ်းဖက်စစ်သား ၂ ဦးစီးနင်းလိုက်ပါလာသည့် ရိက္ခာသယ် ကား တစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း၊ ထို့သို့ ဖမ်းဆီးရရှိခဲ့ပြီးနောက် အ ကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အကြမ်းဖက်စစ်သားများ၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အောက်ခုံကျေး ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၃ ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာပို့ကားအားဖမ်းဆီးမှုကို PDF တပ်ရင်း ၃၅၀၂ တပ်ခွဲ – ၄ နှင့် ရန်ကုန်တိုင်း (ပကဖ) တိုက်ခိုက်ရေးတပ်ခွဲ – ၃ တို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာတွင် တပ်စွဲထားသော အကြမ်း ဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ် ဒေသခွဲထံမှ သိရသည်။

 

စက်တင်ဘာလ ၄ ရက် ညနေ ၄ နာရီ ၃၇ မိနစ်အချိန်က ညောင်လေးပင်မြို့နယ်၊ ရေဖြူကန် ကျေး ရွာ အတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် ကျေးရွာနေပြည်သူများအား လူသား ဒိုင်းကာ ဓားစာခံအဖြစ် အသုံးချခြင်း၊ အကြောင်းမဲ့ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်း စသည့် အကြမ်း ဖက်လုပ်ရပ်များ မကြာခဏလုပ်နေသဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ KNLA တပ်ရင်း ၉ ဒရုန်းတပ်ဖွဲ့၊ PDF တပ်ရင်း ၃၇၀၂ ဒရုန်းတပ်ဖွဲ့ နှင့် တောကျီးကန်းဒရုန်းတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *