Tanintharyi News

0 0
Read Time:1 Minute, 39 Second

တနင်္သာရီမြို့နယ်၊ လယ်တောင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၅

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်တောင်ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများ ထံမှ သိရသည်။

 

စက်တင်ဘာလ ၃ ရက် ည ၈ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တနင်္သာရီမြို့၊ ဝပ်ဆင်တောင်( ဘုရားတောင်) ၌တပ်စွဲထားသော အကြမ်းဖက်စစ်သားများက လက်နက်ကြီးဖြင့် ၄ လုံးခန့်ပစ်ခတ်ခဲ့ ရာ လယ်တောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ မြိတ်မြို့ဆေးရုံသို့ တင်ပို့ကုသစဉ်သေဆုံးသွားကြောင်း၊ နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

 

“သေတာကတော့ ဒေါ်ပိန်တစ်ယောက်ပဲ၊ နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိတယ်။ တိုက်ပွဲမဖြစ်ပဲ နဲ့ ရမ်းပစ်နေတာ၊ တစ်ခါပစ်ရင် ၃ လုံး၊ ၄ လုံးလောက်ပစ်တယ်။ နှစ်ရက် သုံးရက်ခြား ပစ်နေတာ။ အဓိကပစ်တာက ပြည်ထောင်စုလမ်းဘက်ကို ပစ်တာ။ နေအိမ်တွေနားကျတာတွေလည်းရှိတယ်။ နေအိမ်ပျက်စီးမှုကတော့ အများကြီးတော့မရှိဘူး၊ လယ်တဲတစ်လုံးတော့ ပျက်စီးတယ်။” ဟု ဒေသ နေပြည်သူတစ်ဦးက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *