SSPP/SSA News

0 0
Read Time:2 Minute, 31 Second

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဆင်ကျော့ဌာန ပြည်သူ့ စစ်အင်အား ရာကျော် မိခင်တပ်ဖွဲ့ ဖြစ်သည့် SSPP/SSA ထံ ပြန်လည်ပူးပေါင်း

 

D Day News

စက်တင်ဘာလ ၅

 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါ်မြို့နယ်နှင့် မိုင်းရယ်မြို့နယ်အစပ် ဆင်ကျော့ကျေးရွာအုပ်စုတွင် လှုပ်ရှားနေသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဆင်ကျော့ဌာနေ ပြည်သူ့စစ် အင်အားရာ ကျော်သည် မိခင်တပ်ရင်းဖြစ်သည့် SSPP/SSA ထံ ပြန်လည်ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

 

ယနေ့ စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းအချိန်တွင် မူရင်းတပ်ဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် ပြန် လည် ရောက်ရှိလာကြသည့် ဆင်ကျော့ဌာနေ ပြည်သူ့စစ်များအား ဝမ်းမြောက်ကြိုဆိုသည့် အခမ်း အနားတစ်ခုကို ရှမ်းပြည် တိုး တက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဦး ဆောင်ပြီး ဝမ်ဟိုင်း ဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် SSPP/SSA နာယက (၁) ဗိုလ်ချုပ်ကြီး ဆေထင် မှ အခမ်းအနားအဖွင့်အမှာ စကားပြောကြားပြီး ဆင်ကျော့ပြည်သူ့စစ်ဥက္ကဌ ဗိုလ်ချုပ်ကြီး လွယ်မောဝ်း မှ ယခင် ၂၀၁၀ ခုနှစ် အ ချိန် တွင် အခြေအနေအမျိုးမျိုးကြောင့် SSA တပ်မဟာ (၃) မှ ဆင်ကျော့ ပြည်သူ့စစ်အဖြစ်ပြောင်း လဲရခြင်း ဖြစ်ကြောင်း ၊ လက်ရှိအချိန်မှစ၍ ဆင်ကျော့ဌာနေ ပြည်သူ့စစ်မှ ရှမ်းပြည်တိုးတက်ရေး ပါတီ ၊ ရှမ်းပြည်တပ်မတော်အဖြစ် သတ်မှတ် အတည် ပြုလိုက်ပြီဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

 

မူရင်းတပ်ဖွဲ့ထံ တာဝန်ထန်းဆောင်ရန် ပြန်လည် ရောက်ရှိလာကြသည့် ဆင်ကျော့ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို SSPP/SSA မှ ဆုတော်ငွေ ကျပ်သိန်း ၄၀၀ ကျော် ချီးမြင့်ပေးအပ်ခဲ့ကြောင်း SSPP/ SSA က ထုတ်ပြန်ထားသည်။

 

ဆင်ကျော့ဌာနေပြည်သူ့စစ်တပ်ဖွဲ့သည် ၂၀၁၀ ခုနှစ်တွင် စစ်ကောင်စီ၏ ဖိအားပေးမူကြောင့် မလွဲမ ရှောင်သာ ရှမ်းပြည်တပ်မတော် SSA မှ စစ်တပ်လက်အောက်ခံ ဆင်ကျော့ ဌာနေပြည်သူ့စစ်အဖြစ် အသွင် ပြောင်းခဲ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *