Magway News

0 0
Read Time:5 Minute, 54 Second

ထီးလင်းမြို့မှ ရေမျက်နီရဲစခန်းသို့ စစ်ကူသွားသည့် စစ်ကြောင်းက ပြည်သူ ၄ ဦးကို သတ်ဖြတ်

 

D Day News

စက်တင်ဘာလ ၅

 

မကွေးတိုင်း၊ ထီးလင်းမြို့မှ ရေမျက်နီရဲစခန်းသို့ စစ်ကူသွားသည့် အကြမ်းဖက်စစ်ကြောင်းသည် ဒေသနေ ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

ဩဂုတ်လ ၁၅ ရက်နံနက်ပိုင်းက ထီးလင်းမြို့ပေါ်ရှိ ရွှေထီးခန်းမမှ အင်အား ၈၀ ကျော်ဖြင့် ထွက် လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ယင်းနေ့ ညနေပိုင်းတွင် ထီးလင်းမြို့နယ် ကွမ်းဇဲရွာ အနီးသို့‌ အရောက် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသော ကွမ်းဇဲရွာသား အသက် ၃၀ အရွယ်ခန့်ရှိ ကိုစိုးမင်းနိုင် ဆိုသူကို တွေ့ရှိသွားပြီး လိုက်လံဖမ်းဆီးသဖြင့် ကိုစိုးမင်းနိုင်မှ ထွက်ပြေးရာ သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ဩဂုတ်လ ၁၆ ရက်နေ့တွင်လည်း ကွမ်းဇဲရွာမှ တဆင့် ကျောက်အုပ်ရွာဖက်သို့ ဆက်လက် စစ်ကြောင်းထိုးဝင်ရောက်စဉ် ကျောက်အုပ်ကျေးရွာ တောတွင်းတစ်နေရာ၌ တွေ့ရှိသော ကျောက် အုပ်ရွာသား ၂ ဦးအား ဖမ်းဆီးခေါ်‌ဆောင်သွားခဲ့ပြီး ဩဂုတ်လ ၁၈ ရက်နေ့ ရေမျက်နီကျေးရွာသို့ ဝင် ရောက်ပြီးမှသာလျှင် ကျောက်အုပ်ရွာသား ၂ ဦးအား ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ဩဂုတ်လ ၃၀ ရက် နံနက်ပိုင်းမှ စတင်ကာ ရေမျက်နီရဲစခန်းမှ ပြန်လည် ထွက်ခွာလာရာ ပုံညာတောင်ရိုးအတိုင်း တောင်ဘက်အရပ်ကိုထွက်လာခဲ့ကြောင်း၊ စက်တင်ဘာလ ၁ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ထီးလင်းမြို့နယ် ရှော်ဖြူပင်ကျေးရွာ၏ အရှေ့တောင်ဖက်ရှိ တော တွင်း တစ်နေရာသို့ အရောက် လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြသော ရှော်ဖြူပင်ရွာသား ၆ ဦးနှင့် စို့ပြားရွာသား ၁ ဦး စုစုပေါင်း ပြည်သူ ၇ ဦးအား ဖမ်းဆီးခေါ်ဆောင်ကာ ပြင်ဘရွာဖက်သို့ ထွက်ခွာ လာခဲ့ပြီး လမ်းခရီးတစ်နေရာအရောက်တွင် ယင်း ပြည်သူ ၇ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရ သည်။

 

“တောထဲမှာ တောင်သူလုပ်နေတုံး ရုတ်တရက်ကြီး ရောက်လာပြီးတော့ ဖမ်းခေါ်သွားတာ။ ကျနော် တို့ အဖမ်းခံရတာက စုစုပေါင်း ၇ ယောက်။ ဖမ်းခံရပြီးတော့ သူတို့ ပစ္စည်းတွေ သယ်ပေးရတယ်။ လမ်းမှာတော့ ရိုက်တာနှက်တာမျိုးတော့ မခံခဲ့ရဘူး။ ကျနော်တို့ကို ဖမ်းသွားပြီးတော့ ပြင်ဘရွာဖက် ကို အသွား အာရှလမ်းကိုဖြတ်ချိန်မှာ အနောက်ကနေ အရှေ့ကို အာရှလမ်းအတိုင်းတက်လာတဲ့ ကား ကို တားပြီး ကားသမားကို ဖမ်းပြီးခေါ်သွားတယ်။ ကားကိုတော့ ဒီတိုင်းလမ်းပေါ်မှာ ထားခဲ့တယ်” ဟု ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ရှင်းပြသည်။

 

စက်တင်ဘာလ ၁ ရက်‌နေ့ ညနေပိုင်းတွင် ပြင်ဘရွာအနီး၌ ညအိပ်စခန်းချပြီးနောက် စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွဦလာရာ နံနက် ၁၁ နာရီခန့်တွင် တိကျေးရွာအနီးသို့ ရောက်ရှိ လာပြီး တိကျေးရွာသား ၂ ဦးနှင့် ကျင်းရွာသားတစ်ဦး စုစု‌ပေါင်းပြည်သူ ၃ ဦးကို ထပ်မံ ဖမ်း ဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

 

“စက်တင်ဘာလ ၂ ရက်နေ့ မနက် ၁၁ နာရီလောက်က တောထဲရောက်နေတုန်း ကျနော်တို့ ၃ ယောက် နဲ့တွေ့ပြီး တခါထဲတန်းဖမ်းတာ၊ ဖမ်းတာနဲ့ လက်ကို နောက်ပြန်ကြိုးတုတ်ပြီး မျက်နှာကို တဖက်တချက် အထိုးခံရတယ်။ အဲဒါပြီးတော့ ဘယ်မှ မကြည့်ခိုင်းဘူး။ ကျနော်တို့ ၃ ယောက်က စ ဖမ်းလိုက် ဖမ်းကတည်းက တကွဲစီ ဖြစ်သွားတာ။ ကျနော်က နောက်ဆုံးမှာ။ စဖမ်းမိကတည်းက သူတို့နဲ့က မတွေ့ခဲ့ရတော့ဘူး။ လမ်းမှာ တိုက်ပွဲဖြစ်တော့လဲ သူတို့ နေခိုင်းသလို ဝါးယားမှောက်ပြီး နေရတာ။ အဲဒီကနေ ဝါးရင်းချိုင်ရွာကိုရောက်တော့ ကျနော့်ကို လက်ကိုနောက်ပြန်ကြိုးတုတ်ပြီး တိုင်မှာချည်ပြီး မျက်နှာတခုလုံး အထိုးခံရတယ်။ ပြီးတော့ ခြေထောက်တွေနဲ့ ကန်တာလဲခံရတယ်။ အထိုးခံရတဲ့ အတွက် မျက်စိတဖက်က မှန်ဝါးဝါးဘဲမြင်ရတော့တယ်။ ခန္ဓာကိုယ်နဲ့ ဦးခေါင်းမှာရော ဒဏ်ရာတွေရခဲ့တယ်။ ည ၂ နာရီလောက်ကျတော့ အနားရှိတဲ့ စခကို ဆရာ ရေသောက်ချင်လို့ နိုး လားဆိုပြီး ခေါ်ကြည့်တော့ မနိုးတာနဲ့ ကြိုးကလဲ ဖြည်လို့ရတာနဲ့ ထွက်ပြေးလာခဲ့တာ” ဟု အကြမ်း ဖက်စစ်တပ်စစ်ကြောင်းလက်မှ ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးက ရှင်းပြသည်။

 

ယင်းစစ်ကြောင်းသည် စက်တင်ဘာလ ၃ ရက်နေ့ နံနက်အစောပိုင်းတွင် ဝါးရင်းချိုင်ရွာမှ ဆက်လက် ထွက်ခွာလာပြီး ထီးလင်းမြို့နှင့် ဝါးရင်းချိုင်ရွာကြား တောထဲတစ်နေရာအရောက် ဖမ်းဆီးခံထားရ သည့် အမည်မသိ ကားသမား တစ်ဦး၊ အသက် ၄၂ နှစ်ခန့်အရွယ်ရှိ တိကျေးရွာသား ဦးတင်မောင်ဆွေ နှင့် အသက် ၃၀ အရွယ်ခန့်ရှိ ကျင်းရွာသား ကိုကိုဇော်ဆိုသူတို့ကို ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်ဖြတ်ပြီးနောက် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ထီးလင်းမြို့ ရွှေထီးခန်းမသို့ ပြန်လည် ဝင်ရောက်သွားကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *