Magway News

0 0
Read Time:1 Minute, 57 Second

ပခုက္ကူလေယာဉ်ကွင်းအနောက်ဘက်ရှိ မြောက်လူးကန်ရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၅

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူလေယာဉ်ကွင်းအနောက်ဘက်ရှိ မြောက်လူးကန်ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံး ခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၅ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်က ပခုက္ကူမြို့နယ်၊ ပခုက္ကူ လေယာဉ် ကွင်း အနောက်ဘက် မြောက်လူးကန် ကျေးရွာ ဘုန်းကြီးကျောင်း၌ အင်အား ရာဂဏန်းနီးပါးဖြင့် အ ထိုင်ချတပ်စွဲနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို စခန်းသိမ်းတိုက်ပွဲအဖြစ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၉ ဦးသေဆုံးပြီး ၆ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၉ ဦးသေဆုံးသည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း၊ ဒဏ်ရာ အပြင်းအထန်ရရှိသော အကြမ်းဖက်စစ်သား ၆ ဦးသည် ပခုက္ကူဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောဆိုထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF ၊ ဒေါင်းညီနောင် ၊ Yesagyo Revolution Group -YRG ၊ ဒေါင်းသွေးနီ ၊ ပြည်သူ့အားမာန် King Cobra စသည့် မဟာမိတ်ညီနောင်များ ပူးပေါင်းကာ နတ်မိ ကျောင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *