Yangon News

0 0
Read Time:3 Minute, 41 Second

အင်းစိန်အကျဉ်းထောင်တွင် မုဒိမ်းမှုဖြင့်ထောင်ကျနေသူ တန်စီးက နိုင်ငံရေးအကျဉ်းသားကို မုဒိမ်း ကျင့်

 

D Day News

စက်တင်ဘာလ ၄

 

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင် မုဒိမ်းမှုဖြင့်ထောင်ကျနေသူ တန်းစီးက နိုင်ငံရေးအကျဉ်း သားတစ်ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက် နံနက် ၃ နာရီဝန်းကျင်က အင်းစိန်ထောင်အတွင်းရှိ ထောင်ဆေးရုံတွင် တီဘီရောဂါအတွက် တီဘီသမားများထားသည့် အခန်း၌ ဆေးကုသမှုခံယူနေရသော အသက် ၂၅ နှစ် အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရ သူ အကျဉ်းသားအခန်းလူကြီး(တန်းစီး) ဇင်မျိုး(ခ) မျိုးကြီးက ခြိမ်းခြောက်ထိုးကြိတ်ကာ မုဒိမ်းကျင့်ခဲ့ ကြောင်း သိရသည်။

တန်းစီး၏ ခြိမ်းခြောက်ထိုးကြိတ်ကာ မုဒိမ်းကျင့်ခံရသူသည် ပုဒ်မ(၅၀)ညဖြင့် ထောင်ဒဏ် (၁၁) နှစ် မတရား ချမှတ်ခံထားရသူဖြစ်ပြီး ထို့သို့ ကျူးလွန်ခံရသည်ကို အကျဉ်းထောင်ဝန်ထမ်း အဆောင်မှူး အောင်ကျော်ဆင့်ကို တိုင်ကြားခဲ့သော်လည်း ပြစ်မှုကျူးလွန်ခဲ့သူ တန်းစီး ဇင်မျိုးကို(ခ)မျိုးကြီးကို ထိရောက်သည့် အပြစ်ပေးအရေးယူဆောင်ရွက်မှု မပြုသည့်အပြင် အဆိုပါ မုဒိမ်းမှုဖြစ်ပွားခဲ့သည့် သတင်းအား ဖုံးကွယ်ပေးခဲ့ကြောင်း၊ ထောင်ပြင်ပနှင့်အကျဉ်းထောင်အတွင်း ထိုသတင်းပေါက်ကြား ပါက ကျူးလွန်ခံရသူနှင့် ကျူးလွန်သူနှစ်ဦးစလုံးအား တိုက်ပိတ်အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆို ကာ နှုတ်ပိတ်ခဲ့ကြောင်း သိရသည်။

 

‌ရာဇဝတ်မှု အကျဉ်းသား မုဒိမ်းမှုကျူးလွန်သူကို ကာကွယ်ပေးသည့် အ‌ဆောင်မှူး အောင်ကျော်ဆင့် သည် အင်းစိန်ထောင်ပိုင် ဇော်လင်းအောင်၏ တပည့်အရင်းဖြစ်ပြီး ၎င်းတာဝန်ယူ အုပ်ချုပ်ခွင့်ရသည့် အဆောင်အတွင်း ငွေကြေးရယူ၍ ရာဇဝတ်အကျဉ်းသားများကို အကျဉ်းသားအချင်းချင်း အုပ်ချုပ်ရ သည့် ရာထူးအာဏာများပေးထားကြောင်း သိရသည်။

 

အဆိုပါ ရာဇဝတ်အကျဥ်းသားများမှလည်း နိုင်ငံရေးအကျဉ်းသားများအား လူမဆန်စွာ ဆက်ဆံခြင်း ၊ ရိုက်နှက်ခြင်း ၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ယခုဖြစ်စဉ်ကဲ့သို့ အလိုမတူပဲ မုဒိမ်းပြုကျင့်ခြင်းအမှုများ ကျူးလွန်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ စုံစမ်းဖော်ထုတ်ရရှိချက်များအရ သိရသည်။

 

ထိုကဲ့သို့ အကျဉ်းထောင်တွင်း လူ့အခွင့်အရေး၊အကျဉ်းသားအခွင့်အရေးကို ရည်ရွယ်ချက်ရှိရှိ ချိုး ဖောက်နေကြသည့် အကျဉ်းဦးစီးဝန်ထမ်းများ၊ အကျဉ်းဦးစီးဝန်ထမ်း၏ လက်ကိုင်တုတ်များကို ထိ ရောက်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *