TNLA News

0 0
Read Time:2 Minute, 0 Second

၁၅ ကြိမ်မြောက် တအာင်းထီ အမြင့်ဆုံး ကျပ်သိန်း ၅၀၀ ဆု ဆွတ်ခူးသည့် ကံထူးရှင်က တအာင်း ပညာရေး ရံပုံငွေအဖြစ် ကျပ်သိန်း ၂၅၀ ပြန်လည်လှူဒါန်း

 

D Day News

စက်တင်ဘာလ ၄

 

၁၅ ကြိမ်မြောက် တအာင်းထီ အမြင့်ဆုံး ကျပ်သိန်း ၅၀၀ ဆု ဆွတ်ခူးသည့် ကံထူးရှင်က တအာင်း ပညာရေး ရံပုံငွေအဖြစ် ကျပ်သိန်း ၂၅၀ ကို ပြန်လည်လှူဒါန်းပေးခဲ့ကြောင်း TNLA သတင်းနှင့်ပြန် ကြားရေး ဌာနထံက သိရသည်။

 

စက်တင်ဘာလ ၁ ရက် နံနက် ၉ နာရီအချိန်က တအာင်းပြည် ပညာရေးအတွက် ရည်ရွယ်၍ ဖွင့် လှစ်နေသည့် တအာင်းထီ၏ (၁၅) ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀) ဆုကို တအာင်းပြည် နမ့်ခမ်းမြို့တွင် နေထိုင်သည့် ရောင်နီစားသောက်ဆိုင် မိသားစုမှ ဆွတ်ခူးရရှိသွားကြောင်း၊ ထိုသို့ ဆွတ်ခူးရရှိသွားသည့် ကျပ်သိန်း ၅၀၀ ဆုရှင်ဖြစ်သူသည် တအာင်း ပညာရေးရန်ပုံငွေအဖြစ် တအာင်း ပြည်ပညာရေးကောင်စီ – TLEC ထံသို့ ကျပ်သိန်း ၂၅၀ ပြန်လည်ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရ သည်။

(၁၅) ကြိမ်မြောက် သိန်း (၅၀၀) ၏ ဂဏန်းသည် အက္ခရာ A – 25604 ဖြစ်ကာ သိန်း (၅၀၀) ဆု အ ပြင် သိန်း (၁၀၀) ဆု (၁) ဆု၊ သိန်း (၅၀) ဆု (၁) ဆု၊ သိန်း (၃၀) ဆု (၂) ဆု၊ (၁၀) သိန်းဆု (၅) ဆု၊ (၅) သိန်းဆု (၁၅) ဆု နှင့် (၂) သိန်းဆု (၃၀) ဆု စုစုပေါင်း (၅၅) ဆု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တအာင်းထီသည် တအာင်း‌ပြည်မှ စာသင်ကျောင်းများ လည်ပတ်နိုင်ရေးအတွက် ပညာရေး ရန်ပုံငွေ ရှာဖွေထောက်ပံ့ပေးခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လတွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *