NUG News

0 0
Read Time:4 Minute, 47 Second

TNLA ၊ AA နှင့် MNDAA တို့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်ကြေညာခဲ့သည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့သည် အကြမ်းဖက်အုပ်စုဖြစ်ကြောင်း NUG အစိုးရ၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကြေညာ

 

D Day News

စက်တင်ဘာလ ၄

 

TNLA ၊ AA နှင့် MNDAA ညီနောင်မဟာမိတ် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့ သော စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်အုပ်စုဖြစ်ကြောင်း NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲက စက်တင်ဘာလ ၃ ရက်နေ့တွင် ကြေညာ သည်။

 

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းသော “အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့” ဟု အမည်ရှိသည့် ယင်းအဖွဲ့သည် အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ပြီး ဖက်ဒရယ် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသော တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်သည့် United League of Arakan (ULA)/ Arakan Army (AA)၊ The Myanmar National Democratic Alliance Army (MNDAA) နှင့် Ta’ang National Liberation Army (TNLA) တို့အား အကြမ်းဖက်အုပ်စုအဖြစ် တရားမဝင် ကြေညာခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

 

မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသည့် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီက ဖွဲ့စည်းသော “အကြမ်းဖက်မှုတိုက်ဖျက် ရေးဗဟိုအဖွဲ့” ဟု အမည်ရှိသည့် ယင်းအဖွဲ့ ၏ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သော အမိန့်ကြော်ငြာ စာအမှတ် (၁/၂၀၂၄) နှင့် (၂/၂၀၂၄) တို့သည် တရားမဝင်ကြောင်း NUG အစိုးရ၊ အကြမ်းဖက်မှု တိုက် ဖျက် ရေး ဗဟိုအဖွဲ့က ကြေညာလိုက်ခြင်းဖြစ်သည်။

ထို့ပြင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းသည့် “အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟို အဖွဲ့” ဟု အမည်ရှိသော ယင်းအဖွဲ့သည် အကြမ်းဖက်အုပ်စု ဖြစ်သည့် စစ်ကောင်စီ၏ အကြမ်းဖက်မှု များတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိသဖြင့် အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ က ဖွဲ့စည်းထားသည့် “ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့”ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေ ညာလိုက်ပြီး ယင်းအဖွဲ့၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ် ကြေ ညာလိုက်ကြောင်း NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာထားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂ ၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည် ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။

 

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်၍ ရွေး ကောက်ခံအရပ်သားအစိုးရအား အဓမ္မအာဏာသိမ်းရန် ကြိုးစားမှုကျူးလွန်ခဲ့ပြီး နိုင်ငံတော်သစ္စာ ဖောက်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည့်အပြင် အာဏာရှင်စနစ် ပြန်လည် အသက်သွင်းရန် ကြိုးစား အားထုတ်ရာတွင် နိုင်ငံတော်ယန္တယားများကို အသုံးချ၍ ပြည်သူလူထုကို အကြမ်းဖက်မှု၊ ကြောက်ရွံ့ ထိတ်လန့်စေမှု စစ်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်မှုကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပါ အကြမ်းဖက်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိသည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင် စီ” ဟု အမည်ရှိသည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီအား ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက် ရက်စွဲပါ ကြေညာချက်အမှတ် (၁၀/၂၀၂၁) ဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ကြောင်း သိရသည။

 

ထို့အပြင် ထပ်မံ၍ တရားရေးဝန်ကြီးဌာနက “အိမ်စောင့် အစိုးရအဖွဲ့” ဟု အမည် ရှိသည့် အကြမ်း ဖက်အာဏာသိမ်းစစ်ကောင်စီအား ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂ ရက် ရက်စွဲပါ ကြေညာချက်အမှတ် (၃/၂၀၂၁) ဖြင့် မတရားအသင်းအဖြစ် ကြေညာခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *