NUG News

0 0
Read Time:6 Minute, 28 Second

အကြမ်းဖက်စစ်ခေါင်းဆောင်များသည် သူတို့ချည်းငရဲမသွားပဲပြည်သူကိုပါခေါ်ဆောင်ဖို့လုပ်နေဟု NUG သမ္မတပြော (ရုပ်သံ)

 

D Day News

စက်တင်ဘာ ၄

 

အကြမ်းဖက်စစ်ခေါင်းဆောင်များသည် သူတို့ချည်း ငရဲမသွားပဲ ပြည်သူလူထုကိုပါ ငရဲအထိ ခေါ် ဆောင်ဖို့ လုပ်နေကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

ယနေ့ စက်တင်ဘာလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၅ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံ၏ နယ်နမိတ်ထဲတွင် စစ်အာဏာရှင်စနစ်ကို စစ်စစ်မှန်မှန် တွန်းလှန်တိုက်ဖျက်နေသည့် မည် သည့်တော်လှန်ရေးအဖွဲ့အစည်းမဆို ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရ မည်ဆိုသည့် အခြေခံအသိရှိထားပြီးသားဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့်အုပ်စုသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထု၏ အသက်ကို စတေးကာ ကြိးစား နေသည်ကို ပြည်သူ့စစ်များ ထပ်မံဖွဲ့ရန်ကြိုးစားလာခြင်းက ထင်ရှားသည့် သက်သေဖြစ်ကြောင်း ထောက်ပြထားသည်။

“မင်းအောင်လှိုင်နှင့် စစ်အုပ်စုက ပြည်သူ့စစ်အဖွဲ့တွေကို ထပ်မံတိုးချဲ့ဖို့ ကြိုးစားနေတာဟာ ပြည်သူ လူထုရဲ့ အသက်ကို စတေးပြီး ၄င်းတို့ အာဏာမြဲမြံရေးအတွက် ကြိုးစားနေတယ်ဆိုတာ ထင်ရှားတဲ့ သက်သေ ဖြစ်ပါတယ်။ အာဏာရှင်တိုင်းဟာ သူတို့အာဏာတည်မြဲဖို့အတွက်ဆိုရင် ဘယ်လိုကိစ္စမျိုး ကိုမဆို စည်းမဲ့ဘောင်မဲ့ လုပ်ဝံ့တာ တွေ့ရပါတယ်။” ဟု NUG ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။

 

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စစ်ကောင်စီ လက်လွတ်စပယ် ဆင်ခြင်တုံတရား မဲ့လုပ်များကို ဖြိုဖျက်သင်းသတ်နိုင်ရန်အထူးလိုအပ်ပြီး ထိရောက်သည့် တုန့်ပြန်ဆောင်ရွက်ချက်များ ကို တိတိကျကျ ပြတ်ပြတ်သားသား တန်ပြန်လုပ်ဆောင်ကြရန် ညွန်ကြားထားသည်။

 

“အတိတ်သမိုင်းကို လေ့လာကြည့်ရင်လည်း ၁၉၆၂ စစ်အာဏာသိမ်းမှုဖြစ်ပြီး နောက်ပိုင်း စစ်အာဏာ ရှင် အဆက်ဆက်ဟာ ပြည်သူကို ပြည်သူနဲ့ တိုက်ပေးတဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ကျယ်ကျယ်ပြန့် ပြန့် အကောင်အထည်ဖော်ခဲ့တာ တွေ့ရပါတယ်။ ယခု စစ်ကောင်စီ အားထုတ်နေတဲ့ လုပ်ရပ်တွေကို ကြည့်ရင်၊ အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာ သူ့တို့ချည်းသက်သက် ငရဲကို မသွားဘဲ၊ ပြည်သူ လူထုကိုပါ ငရဲအထိ ခေါ်ဆောင်ဖို့အတွက် လုပ်ဆောင်နေတာတွေ့ရပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ် တွေဟာ စေတနာဖြင့် ငရဲပို့လိုက်သည်… ဆိုတဲ့ အနက်သဘောလို ဖြစ်နေတာတွေ့ရပါတယ်။” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

 

အကြမ်းဖက်စစ်ခေါင်းဆောင်များသည် အထွေထွေဆင်းရဲကြပ်တည်းမှု ကြုံနေရသည့် ပြည်သူလူထု ကို ဒုက္ခထပ်ပေးရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း၊ ယနေ့ကြုံတွေ့နေရသည့် အထွေထွေ အကြပ် အတည်းသည် စစ်အာဏာရှင်များကို ထောက်တိုင်ပြုနေသည့် တပ်မတော်သားများ၊ ၎င်း၏မိသားစု ဝင်များလည်း ထပ်တူခံနေရကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက အသိပေးထားသည်။

 

“တိုင်းပြည်ရဲ့ အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ဟာ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အဆုံးသတ် ဖယ်ရှားနိုင်ဖို့ လိုပါတယ်။ ဒီအတွက် မင်းအောင်လှိုင်နဲ့ စစ်အုပ်စု ဆက်လက် ရှင်သန်နိုင်အောင် ရုန်း ကန်ပြီး အသက်စတေး ပေးနေတဲ့ တပ်မတော်သားများ/ မိသားစုဝင်များအနေဖြင့် အမြန်ဆုံး ပြည်သူ များနှင့် ပူးပေါင်းဖို့ အချိန်တန်ပါပြီ။ သို့မှသာ စစ်အာဏာရှင်ကင်းမဲ့သော နိုင်ငံသစ်ကို ထူထောင်ပြီး ပြည်သူလူထု အနေဖြင့်လည်း ငြိမ်းချမ်းသာယာပြီး စိုးရိမ်မှုကင်းတဲ့ လူမှုဘဝကို ထူထောင်နိုင်မှာ ဖြစ် ပါတယ်။” ဟု NUG အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဖိတ်ခေါ်တိုက်တွန်းထားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ တော်လှန်ရေးတပ်ဦးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီပြိုကျရေး အတွက် တွန့်ဆုတ်နေမည်မဟုတ်ပဲ နွေဦးတော်လှန်ရေးကာလ ၃ နှစ်ကျော် ၄ နှစ်အတွင်း လက် တွေ့ပြနိုင်ခဲ့ပြီဖြစ်ကြောင်း သို့သော်လည်း ပြီးဆုံးသည့်လုပ်ရမဟုတ်သေးပဲ ခေါင်းမာဇွတ်မိုက်နေ သည့် စစ်အာဏာရှင်ကို ထိုးနှက်ချေမှုန်းရန်လိုကြောင်း ဆက်လက်တိုက်တွန်းပြောကြားသည်။

 

“အကြမ်းဖက် စစ်ကောင်စီကို (နောင်ကြဉ်သွားအောင်အထိ) ထိုးနှက် တန်ပြန်ဖို့ လိုအပ်နေပါတယ်။ စစ်အာဏာရှင်ဆိုတာ အကျောမာတယ်၊ ခေါင်းမာတဲ့စရိုက် ရှိပါတယ်။ ဒါ့ကြောင့် သာသာနဲ့ နာနာ နှက်လိုက်မှ၊ နောင်ကို မလုပ်ရဲအောင် အရှိုက်ထိစေမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဇွတ်မိုက် ပြီး ဆက်တိုးနေအုံးမှာ ဖြစ်ပါတယ်။ တော်လှန်ရေးမှာ ပျော့ပြောင်းမှုနဲ့ မာကျောမှုကို မဟာဗျူဟာ ကျကျ ပေါင်းစပ် ကျင့်သုံးပြီး စစ်အာဏာရှင်ကို (ရုပ်ပိုင်းအရ – နာမ်ပိုင်းအရ) ထိုးနှက် ချေမှုန်းဖို့ ဖြစ် ပါတယ်။ စစ်ရေးဟာ ရုပ်ပိုင်းဖြစ်ပြီး နိုင်ငံရေးဟာ နာမ်ပိုင်းဖြစ်တယ်ဆိုတာ သတိမူမိဖို့ လိုပါတယ်။ ဒါကို လေးနက်စွာ စဉ်းစားပြီး၊ လူထုအတွက် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွေကို မဆိုင်း မတွနဲ့ အလျင်အမြန် လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ကပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *