မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ကျေးရွာစာသင်ကျောင်းမှ ဆရာ၊ ဆရာမများကို MNDAA အဖွဲ့က ဆန်၊ ဆီထောက်ပံ့
D Day News
စက်တင်ဘာလ ၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ကျေးရွာစာသင်ကျောင်းမှ ဆရာ၊ ဆရာမ များကို ဆန်၊ ဆီထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း MNDAA အဖွဲ့ထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့က မူဆယ်မြို့နယ်အုပ်ချုပ်မှုကော်မတီ၏ လုပ်ငန်းအဖွဲ့သည် ၁၀၅ မိုင်ကျေးရွာ အုပ်စုရှိ မြန်မာစာ စာသင်ကျောင်းသို့ သွားရောက်၍ ကျောင်းရှိ ဆရာ၊ဆရာမများ နှင့် တွေ့ ဆုံကာ ဆန် ၂၃ အိတ်နှင့် ဆီ ၂၃ ပုံးကို ထောက်ပံ့လှူဒါန်းပေးခဲ့ပြီး နောက်နောင်တွင်လည်း အခက်အခဲ တစ်စုံတရာကြုံတွေ့ပါက မူဆယ်မြို့နယ်အုပ်ချုပ်မှုကော်မတီထံသို့ အကူအညီတောင်းခံ နိုင်ပြီး တတ်နိုင်သမျှ ကူညီဆောက်ရွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီအာဏာသိမ်းမှု နှင့် ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဆရာ၊ ဆရာမ များ၏ ပျမ်းမျှလစာသည် တစ်လအတွက် နေထိုင်စားသောက်မှု လုံလောက်မှုမရှိတော့ပဲ အခက်အခဲဖြစ်ပေါ်နေသဖြင့် MNDAA မဟာမိတ်တပ်ဖွဲ့ရုံးသို့ အကူအညီတောင်းခံခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
D Day News