Mandalay News

0 0
Read Time:1 Minute, 51 Second

မြင်းခြံမြို့နယ်တွင် လမ်းပေါ်တက် ဆက်ကြေးကောက်နေသည့် စစ်သားများကို ကားဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိ

 

D Day News

စက်တင်ဘာလ ၄

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာအနီးတွင် လမ်းပေါ်တက်ဆက်ကြေး ကောက်နေ သည့်အကြမ်းဖက်စစ်သားများကို ကားဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Freedom Fighter Guerrilla Force (FFGF) ထံမှ သိရ သည်။

 

ယနေ့ စက်တင်ဘာလ ၄ ရက် နံနက် ၉ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာရှိ အကြမ်း ဖက်စစ်တပ်အထိုင်စခန်းမှ အကြမ်းဖက်စစ်သား ၉ ဦးခန့်သည့် လမ်းပေါ်တက်ကာ ခရီးသွားပြည်သူ ကြားများထံမှ ဆက်ကြေးကောက်နေကြောင်း သတင်းအရ ကားဖြင့်သွားရောက်ပြီး ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦးပွဲချင်းပြီးသေဆုံးပြီး ကျည်စစ်သားများမှာ အထိအခိုက်များစွာဖြင့် ထွက် ပြေးသွားကြောင်း သိရသည်။

ထို့သို့ ထိခိုက်ဒဏ်ရာရရှိကာ ထွက်ပြေးသွားသူများအနက် ၁ ဦးထပ်မံသေဆုံးခဲ့ပြီး အကြမ်းဖက်စစ် သားများ ကိုင်ဆောင်အသုံးပြုသော ပါရီ အမျိုးအစား သေနတ် ၁ လက်၊ Carbine အမျိုးအစား သေ နတ် ၂ လက်၊ 7.62 ကျည် ၁၂ တောင့်၊ Carbine ကျည် ၃၈ တောင့်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို Freedom Fighter Guerrilla Force (FFGF) ၊ Anyar Federal Task Force (AFTF) ၊ 8 Stars (MGN) နှင့် Burmese Independence Army (BIA) တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *