ရေစကြိုမြို့နယ်၊ ရှင်မတောင်ပေါ်မှ ပြန်ဆင်းလာသော စစ်ကြောင်းကိုတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ ကျည်ဆံများ သိမ်းဆည်းရရှိ
D Day News
စက်တင်ဘာလ ၄
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်ပေါ်မှ ပြန်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိပြီး နယ်မြေရှင်းလင်းစဉ် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း ရေ စကြို ပကဖထံမှ သိရသည်။
ဩဂုတ်လ ၃၁ ရက် ညနေ ၅ ရီခန့်က ရေစကြိုမြို့နယ်၊ ရှင်မတောင် တောင်ပေါ်မှ အင်အား ၆၀ ခန့် ဖြင့် ပြန်ဆင်းလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို အသင့်စောင်ကြိုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြားခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု ရှိ နိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းစဉ် Uzi ကျည်ဘောက် ၁ ဘောက် ၉ မမ ကျည် ၈၄ တောင့်နှင့် အခြားပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ရှင်မတောင် တောင်ပေါ်မှာရှိတဲ့ စစ်သားတွေနဲ့ ပခုက္ကူတပ်မ ၁၀၁ ကစစ်သားတွေ လူချင်းချိန်းတာ။ ရိက္ခာမပါဘူး။ သူတို့က ပြီးခဲ့တဲ့လ ၂၆ ၊ ၂၇ လောက်ကတည်းက တောင်အိုတာတိုင်ဂိတ်ကနေ တက်ဖို့ပြင်နေတာ၊ ဝေ့လည်ဝေ့လည်နဲ့လုပ်နေတာ။ တကယ်တက်သွားတာက ၃၀ ရက်နေ့ ညပိုင်း မှာ တက်သွားတာ။ ပြီးတော့ ၃၁ ရက်နေ့မှာ ပြန်ဆင်းလာတာ၊ ချက်ချင်းပဲ။ သေဆုံးထိခိုက်တော့ မသိရဘူး။ အဲဒီတောင်အိုတာတိုင်ဂိတ်ကနေ ပခုက္ကူမြို့ကို စက်တင်ဘာလ ၁ ရက်နေ့ကတည်းက ပြန်သွားပြီ” ဟု ရေ စကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)နှင့်အတူ ပခုက္ကူခရိုင် တပ်ရင်းအမှတ် ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News