Bago News

0 0
Read Time:2 Minute, 24 Second

ပေါက်ခေါင်းမြို့နယ်၊ ပြည် – တောင်ငူလမ်းရဲကင်းအနီတွင် အကြမ်းဖက်စစ်တပ်က လက်နက်ထုတ် ပေးထားသည့် အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

စက်တင်ဘာလ ၄

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပြည် -တောင်ငူလမ်းပိုင်း ရဲကင်းအနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ထုတ်ပေးထားသည့် ဘောဒါအုပ်စုအုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်းထံမှ သိရသည်။

 

စက်တင်ဘာလ ၂ ရက် မွန်းလွဲ ၂ နာရီခန့်အချိန်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ထုတ်ပေး ထားပြီး ပျူခေါင်းဆောင်အဖြစ်လုပ်ကိုင်ကာ ပြည်သူများအပေါ် အတင်းအဓမ္မစစ်ထမ်းခိုင်းရန် လုပ်ဆောင်နေသည့် ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါအုပ်စုအုပ်ချုပ်ရေး မှူး ခင်မောင်ဝင်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြည်-တောင်ငူလမ်းပိုင်း ရဲကင်းအနီးအထိ သွားရောက်ပစ်ခတ်ရှင်း လင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူခင်မောင်ဝင်းသည် အကြမ်းဖက်စစ်တပ်မှ အငြိမ်းစားယူကာ ပင်စင်စားနေသူဖြစ်ပြီး စစ်တပ် မတရားအာဏာသိမ်းချိန်တွင် လင်မယားနှစ်ဦးစလုံးက အကြမ်းဖက်စစ်တပ်နင့် ပူး ပေါင်းကာ ကျေးရွာအုပ်စုအတွင်းနေ ပြည်သူများကို မဟုတ်မမှန်လိမ်လည် သတင်းပေးခြင်း၊ ပျူသင်တန်းပေးခြင်း၊ မတရားငွေညှစ်တောင်းခံခြင်း၊ အတင်းအဓမ္မစစ်မှုထမ်

းရန်ခေါ်ဆောင်ခြင်း၊ ပေါ်တာဆွဲခြင်း စသည်တို့ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

 

ပြည်ခရိုင်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်၌ ဆက်လက်လုပ်ကိုင်ခြင်းမပြုတော့ပဲ အချိန်မီနှုတ်ထွက်ကြရန် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်းက အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *