0
0
Read Time:39 Second
ကဗျာကဏ္ဍ “စစ်ဘေးရှောင်ရာ ကူညီပါ”
ပျိုးကြဲလက်
မြို့ရွာစုံ စစ်မီးကျလို့
ဒုက္ခမီး တောက်လောင်ပြီ
သောကမျက်ရည် ။
ဖြေမဆည်
ပွေလီတဲ့ ဘဝပေး ။
အိမ်ယာကို ဘယာစွဲက
မလွှဲသာ ခွဲခွါရတယ်
ရင်နာပါ့လေး ။
တပ်မတော် သူပုန်ထတော့
စစ်ပြေးရ တို့ပြည်သူ
ဖေးမတွဲကူ ။
ကူသာကူ
ညီတူဖို့အရေး ။
ဒေသစုံ အကုန်မျှအောင်
ဖယ်ဒရယ် အသိစိတ်နဲ့
ချိတ်ဆက်ကူပေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၁၀ နာရီ ၁၃ မိနစ်
D Day News