NUG News

0 0
Read Time:4 Minute, 11 Second

နိုင်ငံတကာအနေဖြင့် ပြည်သူလူထုတစ်ရပ်လုံးကို လူသားဒိုင်းသဖွယ်အသုံးချရန် ကြိုးစားလာသည့် စစ်ကောင်စီကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးဘက်ကို ဝိုင်းဝန်းကူညီ ပေးကြ ပါရန် NUG အစိုးရ တိုက်တွန်းနှိုးဆော်

 

D Day News

စက်တင်ဘာလ ၃

 

နိုင်ငံတကာအစိုးရများအနေဖြင့် ပြည်သူလူထုတစ်ရပ်လုံးကို လူသားဒိုင်းသဖွယ်အသုံးချရန် ကြိုး စားလာသည့် စစ်ကောင်စီကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ပြည်သူ့နွေဦးတော်လှန်ရေးဘက်ကို ဝိုင်းဝန်းကူညီ ပေးကြပါရန် NUG အစိုးရ တိုက်တွန်းနှိုးဆော်လိုက်သည်။

 

အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်မှုမထမ်းမနေရ ဥပဒေကို အတင်းအကြပ် အသက်သွင်းပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များကို လူသားဒိုင်း အ ဖြစ် အဓမ္မစေခိုင်းရန်ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၆ ရက်နေ့တွင် “ပြည်သူ့လုံခြုံရေး နှင့် အကြမ်းဖက် နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့” အမည်ဖြင့် လက်အောက်ခံ အကြမ်းဖက် အဖွဲ့အစည်းတခုကို ထပ်မံဖွဲ့စည်းကာ အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အတွင်းရှိသက်ကြီးပိုင်း ပြည်သူလူထုကို အတင်းအဓမ္မ တိုက်ပွဲဝင်ခိုင်းရန် ပြင်ဆင်ကြိုးပမ်းလာကြောင်း သိရသည်။

ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများအားလုံး၏ ညီညွတ်မှုအင်အားကြောင့် နိုင်ငံရေး၊ စစ် ရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး အဘက်ဘက်တွင် ရှုံးနိမ့်မှုများကြုံတွေ့နေရသည့် အကြမ်းဖက် စစ် အုပ်စုသည် ၎င်းတို့ သက်ဆိုးရှည်ရေးတခုတည်းအတွက် တိုင်းပြည်နှင့် ပြည်သူလူထုတရပ်လုံးကို ဓားစာခံများသဖွယ်၊ လူသားဒိုင်းများသဖွယ် အသုံးချနိုင်ရန် ရူးရူးမိုက်မိုက်ကြိုးပမ်းလာခြင်းဖြစ် ကြောင်း ထောက်ပြထားသည်။

 

စစ်အာဏာရှင်စနစ်ဘေးဆိုးသည် အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး တဦးတယောက် ချင်းစီ တိုင်းအပေါ် ကျရောက်လာပြီဖြစ်သလို မည်သူမျှ မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်တော့သည်မှာ ပိုမိုထင် ရှားလာပြီဖြစ်ပြီးလူထုတရပ်လုံး ပါဝင်ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေး၏ အင်အားကို အထင်သေး လျှော့တွက်သော အကြမ်းဖက် စစ်အုပ်စုအား “မိမိတို့ပြည်သူလူထုတရပ်လုံးသည် စစ်အာဏာရှင်ပြု သမျှ ခေါင်းငုံ့ခံမည့် သူများမဟုတ်” ဆိုသည်ကို အခိုင်အမာပြသ၍ နည်းလမ်းပေါင်းစုံဖြင့် ပြတ်ပြတ် သားသား ခုခံတော်လှန် ဆန့်ကျင်ကြရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်ထားသည်။

 

ကမ္ဘာအရပ်ရပ်က နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုတရပ်လုံး ကြုံတွေ့ ခံစား နေကြရသော နာကျင်ခံစားရမှုများအားလုံး၏ အရင်းအမြစ်သည် စစ်အာဏာရှင်များနှင့် ၎င်း တို့၏ မတရား သောအမိန့်များကို လိုက်ပါဆောင်ရွက်နေသော တပ်ရင်း၊ တပ်ဖွဲ့၊ တပ်သားများ ဖြစ် ကြောင်းကို သိရှိ နားလည်စေချင်ကြောင်း၊ NUG အစိုးရက ပြောဆိုသည်။

 

အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအားလုံး ကို လူသားဒိုင်းအဖြစ် အသုံးချလာသောလုပ် ရပ်များ ရပ်တန့်စေရေး ထိရောက်သော လုပ်ဆောင်မှု များကို ဆောင်ရွက်ကြရန်နှင့် စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက် ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေး ကြိုးပမ်းနေသည့် ပြည်သူ့နွေဦးတော်လှန်ရေးကို အဘက် ဘက်မှ ဝိုင်းဝန်းကူညီပေးကြပါရန် NUG အစိုးရက တိုက်တွန်းနှိုးဆော်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *