Magway News

0 0
Read Time:1 Minute, 42 Second

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ စစ်တပ်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

စက်တင်ဘာလ ၃

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Shwe Nyar Myae PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂ ရက် နေ့လည်ပိုင်းက ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ၌ ဂိတ်စခန်းဖွင့်ပြီး ခရီးသွားပြည်သူလူထုအပေါ် မတရားဆက်ကြေးကောက်ခံနေသော အကြမ်းဖက်စစ် ကောင်စီတပ် သားများကို RC Plane လေယာဉ်များဖြင့် Drop ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား များ ထိခိုက်မှုရှိနိုင်ပြီး အသေးအချက်အလက်အလက်များရရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

“ဗုံးသီး ၅ လောက်ချခဲ့တာ။ ဘန်ကာနားကို တိတိကျကျ ကျရောက်ပေါက်ကွဲပါတယ်။ အသေအ ပျောက်ကတော့ မသိရသေးဘူး။ ပြန်စ်တာမျိုးလည်းမရှိပါဘူး” ဟု Shwe Nyar Myae PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းအလံလွှင့်မည့် စေတမာန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Shwe Nyar Myae PDFတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *