Karenni State News

0 0
Read Time:4 Minute, 48 Second

ကရင်နီပြည်တွင် ဩဂုတ်လအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံး၊ စစ်တပ်က လူနေအိမ် ၄၀ ကျော် ကို မီးရှို့ဖျက်ဆီး

 

D Day News

စက်တင်ဘာလ ၃

 

ကရင်နီပြည်နယ်တွင် ဩဂုတ်လအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံး ကာ အကြမ်းဖက်စစ်ကောင်စီတပ်က လူနေအိမ် ၄၀ ကျော်ကို မီးရှို့ဖက်ဆီးခဲ့ကြောင်း KNDF သတင်း နှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဩဂုတ်လ ၁ ရကနေ့မှ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ်၊ လွိင်ကော် – ဒီးမော့ဆို လမ်းမကြီးတစ် လျှောက်တွင် ကရင်နီတော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ကြောင်း၊ ဘောလခဲမြို့နယ်ထဲရှိ စစ်ကောင်စီ၏ စခန်းတစ်ခုအား သိမ်းပိုက် ရှင်း လင်း နိုင်ခဲ့ကာ ဖရူဆိုမြို့နယ် ၊ ဖားဆောင်းမြို့နယ်နှင့် ကရင်နီ-ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ် တို့တွင် ထိတွေ့တိုက်ပွဲများ ကြိုကြားသာရှိခဲ့ကြောင်း သိရသည်။

 

လွိင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆိုတိုက်ခိုက်ခဲ့ရာ  ပန်ကန်း ၊ ဒေါပိုးစီ ၊ ၆ မိုင်စံပြ ကျေးရွာ များ တစ်လျှောက်တွင် ဩဂုတ်လ တစ်လတာလုံး ထိတွေ့တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပြီး တိုက် ပွဲများအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်မှုများပြားခဲ့၍ ၎င်းတို့ထံမှ ခဲယမ်း မီးကျောက်များ ၊ ကျန်းမာ ရေး ပစ္စည်းများ နှင့် အသုံးဆောင်များအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

လွိင်ကော်- ဒီးမော့ဆို လမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးလှုပ်ရှားနေသော အကြမ်းဖက် စစ် သားများက ပန်ကန်း ၊ ဒေါပိုးစီ ၊ ၆ မိုင်စံပြ ကျေးရွာများတစ်လျှောက်ရှိ အရပ်သား ပြည်သူများ၏ နေအိမ် ၄၀ ကျော်ကို မီးရှိဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် လွိင်ကော် – ဒီးမော့ဆို လမ်းမကြီးတလျှောက်တွင် ယနေ့အချိန် အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး လွိုင်ကော် – ဒီးမော့ဆိုလမ်းမကြီးအပါအဝင် ၎င်းနှင့် ဆက်စပ်လျက်ရှိ သော လမ်းသွယ်များအား အသုံးပြုသွားလာခြင်းများမပြုလုပ်ကြပါရန် KNDF ဗဟိုက တိုက်တွန်းထားသည်။

 

ဩဂုတ်လ ၈ ရက်နေ့က ဘောလခဲမြို့နှင့် မယ်စလောင်းတောင် အကြားရှိ စစ်ကောင်စီမှ အခိုင်အမာ တပ်စွဲထားသော ရေကျော်စခန်းအား KA ၊ KNDF ၊ KNPLF တိုပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ် ကောင်စီတပ်ဖွဲ့ အချို့ စခန်းအားစွန့်ခွာ၍ ဘောလခဲဖက်သို့ ထွက်ပြေး သွားကြောင်း သိရသည်။

 

ယင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ရုပ်အလောင်း ၆ လောင်းနှင့်အတူ လက်နက်ငယ် ၇ လက် ၊ 9MM ပစ္စတို ၁ လက် ၊ ငါကြင်းမြီး ၁ လက် ၊ ၈၁ မမ ပြောင်း ၁ ပြောင်းနှင့် ခဲယမ်းအသုံး ဆောင်များအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုအတူ ဘောလခဲ နှင့် ရွာသစ်အကြားရှိ ဝမ်မလန်းကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်များနှင့် ကရင်နီတော်လှန်ရေး တပ်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖားဆောင်းမြို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏တပ်ရင်း ၂ ရင်းနှင့် ကာကင်းစခန်းများအား ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များမှ စဉ်ဆက်မပျက်တိုက်ခိုက်လျက်ရှိပြီး ဩဂုတ်လအတွင်း ကြီးမားပြင်းထန်သည့်တိုက်ပွဲများ မရှိခဲ့သော်လည်း ကြိုကြားထိတွေ့မှုများရှိခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လအတွင်း ကရင်နီ-ရှမ်းတောင် နယ်စပ်ရှိ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့တွင် ကြိုးကြား ကြိုကြား တိုက်ပွဲများသာရှိခဲ့ပြီး စစ်ကောင်စီဖက်မှ တိုက် ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ် မှု များ ပြုလုပ်ခဲ့ကြောင်း၊ ဖရူဆိုမြိုနယ် နှင့် ဒီးမော့ဆိုမြို့နယ်တို့ အခြေစိုက်ထားသည့် စစ်ကောင်စီ တပ်များက ဩဂုတ်လ နောက်ဆုံးအပတ်မှစ၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေကျေးရွာများ အတွင်း သို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ ဒီးမော့ဆိုမြို့နယ်တွင် ကလေး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *