SAC News

0 0
Read Time:2 Minute, 5 Second

MNDAA၊ TNLA နှင့် AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် တရားမဝင် အာဏာသိမ်း စစ်ရှုံးကောင်စီက ကြေညာ

 

D Day News

စက်တင်ဘာလ ၂

 

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင်အကြီးအကျယ်စစ်ရှုံးပြီး ရမခ ဌာနချုပ်အပါအဝင် မြို့ပေါင်းများစွာ ဆုံးရှုံးခံလိုက်ရသည့် တရားမဝင်အာဏာသိမ်း စစ်ရှုံးကောင်စီ MNDAA ၊ TNLA နှင့် AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စာရင်းသွားကြောင်း ယနေ့ စက်တင်ဘာလ ၂ ရက် ည ၈ နာရီ သတင်းတွင် ထုတ်ပြန် ကြေညာသည်။

 

ရခိုင့်တပ်တော် – AA ကို NLD အစိုးရလက်ထက် ၂၀၂၀ မတ်လအတွင်းက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့သော်လည်း မတရားမဝင်အာဏာသိမ်း စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တစ်လ ကျော် အကြာ ၂၀၂၁ မတ်လအတွင်း၌ အကြမ်းဖက်အုပ်စုအဖြစ်မှ ပယ်ဖျက်ကြောင်း ကြေညာခဲ့ သည်။

ယခုအခါ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA ၊ TNLA နှင့် AA တို့၏ ၁၀၂၇ စစ် ဆင်ရေး အမည်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် MNDAA က လားရှိုးမြို့အပါအဝင် ကိုကန့်ဒေသ မြို့များ၊ TNLA က မန္တလေးတိုင်း၊ မိုးကုတ်မြို့အပါအဝင် တအာင်းဒေသမြို့များနှင့် AA က သံတွဲမြို့ အပါအဝင် ရခိုင်ပြည်နယ်မြို့များကို သိမ်းပိုက်ထားကြောင်း သိရသည်။

 

တရားမဝင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကိုဆန့်ကျင်နေသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDF) တို့ကိုလည်း အကြမ်းဖက်အုပ်စုအဖြစ် ၂၀၂၁ မေလအတွင်းက ကြေညာ ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *