NUG News

0 0
Read Time:2 Minute, 25 Second

တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပါအဝင် တရုတ်စီမံကိန်းအားလုံးလိုလို တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်နယ်မြေအတွင်းရောက်ရှိ

 

D Day News

စက်တင်ဘာလ ၂

 

တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပါအဝင် တရုတ်စီမံကိန်းများအားလုံးလိုလို တော်လှန် ရေးအင်အားစုများ ထိန်းချုပ်နယ်မြေအတွင်းရောက်ရှိနေပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

 

ဩဂုတ်လ ၃၁ ရက်နေ့က ဧရာဝတီသတင်းဌာန စနေသတင်းစကားဝိုင်းအစီအစဉ်၏ မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုသို့ဖြေကြားချက်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ပြန်လည်ထုတ်ပြန်ထားခြင်းဖြစ်သည်။

“ရေနံနဲ့သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း အပါအဝင် တရုတ်စီမံကိန်းအားလုံးလိုလိုဟာ ဒီကနေ့ ဆိုရင် တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွင်းကို ရောက်ရှိနေပါပြီ။ အမျိုးသား ညီ ညွတ်ရေး အစိုးရက သူ့ရဲ့ တရုတ်ပြည်ဆိုင်ရာ မူဝါဒကို လူသိရှင်ကြားထုတ်ပြန်ကြေညာပြီး ဖြစ်ပါ တယ်။ NUG အနေနဲ့ရော၊ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ အနေနဲ့ရော တရုတ်ရဲ့ အကျိုးစီးပွား၊ တရုတ်ရဲ့ လုံခြုံရေးနဲ့ ပတ်သတ်ရင် ဘယ်လို သဘောထားတယ်ဆိုတာကိုလဲ အတိအ လင်း အသိပေးထားပြီးဖြစ်ပါတယ်။” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

 

မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် NUG ၏ မူဝါဒ၊ လမ်းညွှန်ချက်အရ တရုတ် စီမံ ကိန်း အပါအဝင် နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုအားလုံးကို အပွန်းအပဲ့ မရှိစေရန် အတက်နိုင်ဆုံး ထိန်း သိမ်းစောင့်ရှောက်ပေးနေကြောင်း၊ တရုတ်ပြည် အနေဖြင့်လည်း မြန်မာ့အရေးနှင့် ပတ်သတ်၍ လက် တွေ့ ကျကျ ချဉ်းကပ် ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *