Mandalay News

4 0
Read Time:4 Minute, 43 Second

မန္တလေးတိုင်းအတွင်း ထိုးစစ်ဆင်တိုက်ပွဲဝင်နေကြသော ရဲဘော်များနှင့် စစ်ဘေးသင့်ပြည်သူများကို ဝန်းရံကူညီအားဖြည့်နိုင်ရန် မန္တလေးတက္ကသိုလ် ကျောင်သားများရံပုံငွေရှာဖွေရေးအစီအစဉ်စတင်

 

D Day News

စက်တင်ဘာလ ၂

 

မန္တလေးတိုင်းအတွင်း ထိုးစစ်ဆင်တိုက်ပွဲဝင်နေကြသော ရဲဘော်များနှင့် စစ်ဘေးသင့်ပြည်သူများကို ဝန်းရံကူညီအားဖြည့်နိုင်ရန် မန္တလေးဒေသအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ ရံပုံငွေရှာ ဖွေရေးအစီအစဉ်စတင် လိုက်ပြီဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

 

လက်ရှိအချိန်သည် နိုင်ငံအဝန်း အကြမ်းဖက်စစ်အစိုးရအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ခုခံ တော်လှန်စစ်ဆင်နွဲကာ တော်လှန်အရှိန်မြင့် တိုက်ပွဲဝင်လျက်ရှိပြီး မန္တလေးဒေသအတွင်းတွင်လည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနှင့်အတူ စစ်ရေးအရှိန်မှာလည်း မြင့်တက်လျက်ရှိကြောင်း သိရ သည်။

မန္တလေးဒေသအတွင်းရှိ မြို့များဖြစ်သည့် မိုးကုတ်မြို့၊ သပိတ်ကျင်းမြို့၊ စဉ့်ကူးမြို့များကို မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များ (EROs) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ပူပေါင်းတပ် ဖွဲ့များ က အောင်မြင်စွာ သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည့်အပြင် မတ္တရာ၊ ပုသိမ်ကြီး၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ စသည့် မြို့များတွင်လည်း တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင် တိုက်ပွဲဝင်လျက်ရှိ ကြောင်း သိရသည်။

 

ထိုသို့ တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက် စစ်အစိုးရ အနေဖြင့် မရှုမလှ ရှုံးပွဲများကို ခံစားနေရသဖြင့် ပြည်သူ့လူထုအပေါ် စစ်ရာဇဝတ်မှုများကို ကျူးလွန် လျက်ရှိကြောင်း၊ ထို့ကြောင့် စစ်ရေးအရှိန်မြင့်တက်နေသော မြို့များမှ ဒေသခံပြည်သူများသည် မိမိ တို့၏ နေအိမ်၊ရပ်ရွာနှင့် မြို့များကို စွန့်ခွာပြီး တိမ်းရှောင်နေကြရကြောင်း သိရသည်။

 

ထို့သို့ အိုအိမ်စွန့်ခွာ၍ တိမ်းရှောင်ကြရသော မန္တလေးဒေသအတွင်းရှိ တော်လှန်ပြည်သူများအနေဖြင့် နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများမှာ များစွာခက်ခဲလျက်ရှိနေကြောင်း သိ ရှိရသည်။။

 

ထို့ကြောင့် မန္တလေး အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများအနေဖြင့် လက်ရှိ ထိုးစစ်ဆင် တိုက်ပွဲ ဝင်နေကြသော ရဲဘော်များနှင့် စစ်ဒဏ်သင့် ပြည်သူတို့အား ဝန်းရံကူညီအားဖြည့်ရန်အတွက် ရန်ပုံငွေရှာဖွေရေး အစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားသည်။

 

သို့ဖြစ်ပါ၍ မန္တလေးဒေသ အတွင်း နေထိုင်ကြသော တော်လှန် ပြည်သူလူထုအပေါင်းတို့အနေဖြင့် ကျွန်ုပ်တို့ပြုလုပ်မည့် အစီအစဉ်များတွင် ပူပေါင်းပါဝင်ကာ မန္တလေးသူ ၊ မန္တလေးသား အချင်းချင်း အကြားသွေးနီးကြောင်း ပြသကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

 

အဆိုပါ အစီအစဉ်ကို ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)၊ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၊ မန္တလေး နည်းပညာ တက္ကသိုလ်ကျာင်းသားများသမဂ္ဂ ၊ နည်းပညာ တက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) ကျောင်းသားများသမဂ္ဂ၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ၊ ဆေးတက္ကသိုလ် (မန္တလေး) ကျောင်းသားများသမဂ္ဂတော်လှန်ရေးတပ်ဦး၊ မန္တလေးကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) ကျောင်းသားများသမဂ္ဂ ၊ ဆေးဘက်ဆိုင်ရာနည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသားများသမဂ္ဂ ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ကျောင်းသားများသမဂ္ဂ ၊ နည်းပညာတက္ကသိုလ် (မန္တလေး)ကျောင်းသားများသမဂ္ဂ ၊ တိုင်းရင်းဆေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့်သူနာပြုသင်တန်းကျောင်း(မန္တလေး)ကျောင်းသား သားများ သမဂ္ဂတို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *