Karenni State News

0 0
Read Time:1 Minute, 58 Second

KNDF တပ်ရင်းများအနေဖြင့် စစ်အာဏာရှင်အမြစ်ဖြတ်ရေး နေ့စဉ် လှုပ်ရှားမှုနေဟု ဒုစစ်ဦးစီး ချုပ်မာဝီပြော (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၂

 

ကရင်နီပြည်အခြေစိုက်၊ KNDF တပ်ရင်းများအနေဖြင့် စစ်အာဏာရှင်အမြစ်ဖြတ်ရေး နေ့စဉ်လှုပ်ရှား မှုလုပ်ဆောင်လျက်ရှိကြောင်း ဒုစစ်ဦးစီးချပ် မာဝီက အသိပေးပြောကြားသည်။

 

KNDF တပ်ရင်း ၉ မှ ပြုလုပ်လျက်ရှိသည့် ” ရင်း၉ ကလေးတွေ ဇပြဖို့ ဒရုန်းပရောဂျက်မှာပါ၀င်စို့” ကမ်ပိန်းအစီအစဉ်အသိပေးထားရာတွင် KNDF ဒု-စစ်ဦးစီးချုပ် မာဝီက ထည့်သွင်းပြောဆိုထားခြင်း ဖြစ်သည်။

“တပ်ရင်းတွေအားလုံးဟာ စစ်အာဏာရှင်တွေအမြစ်ပြတ်ရေး အ တွက်နေ့စဉ်ကြိုးပမ်းလျက်ရှိပါ တယ်။ ဒါ့ကြောင့်မို့လည်း လိုအပ်ချက်တွေများစွာရှိနေပါတယ်။ တပ်ရင်းလိုက်ရော အဖွဲ့အစည်းလိုက် ရော လိုအပ်ချက်တွေ တွေက နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိပါတယ်။ ဘာဖြစ်လို့ အမြဲတမ်းလိုအပ် နေလဲဆိုတော့ မြေပြင်မှာ အလုပ်လုပ်နေရလို့ လိုအပ်နေတာပဲဖြစ်ပါတယ်။ ကျနော်တို့ KNDF တပ် မှာ တပ်ရင်းလိုက် တိုးတက်ရာတိုးတက်ကြောင်း အတွက် Fund ရှာဖွေခွင့်ရှိပါတယ်။ အဲဒါကြောင့် က လည်း KNDF တပ်ရင်း ၉ မှာ သူတို့ Drone Team မှာလိုအပ်တဲ့ပစ္စည်းတွေဖြည့်တင်းနိုင်ဖို့ အ တွက် လူထုဆီကနေ အကူအညီတောင်းရတာပါပဲ။” ဟု KNDF စစ်ဦးစီးချုပ်မာဝီက‌ ပြောကြားသည်။

 

KNDF အနေဖြင့် တပ်ရင်း ၃၀ ရှိပြီး စစ်ဦးစီးတပ်ပါဝင်ပါက ၃၁ ရင်းရှိကြောင်း၊ ထို့အပြင် လက်ရုံး တပ်ဖွဲ့များစွာလည်းရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *