Bago News

0 0
Read Time:2 Minute, 22 Second

အုတ်ဖိုမြို့နယ်တွင် ကျွန်းသစ်ခိုးထုတ်မှုဖြင့် သတိပေးပြန်လွှတ်ပေးလိုက်သူများက ထပ်မံခိုးထုတ်

 

D Day News

စက်တင်ဘာလ ၂

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ကျွန်းသစ်များခိုးထုတ်နေသည် ကိုတွေ့ရှိသဖြင့် သတိပေးကာ ပြန်လွှတ်လိုက်သူများက ထပ်မံခိုးယူနေကို တွေ့ရှိခဲ့ရပြီး ထပ်မံသတိ ပေးကာ ပြန်လွှတ်ပေးလိုက်ရကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုထံမှ သိရသည်။

 

ဩဂုတ်လ ၁၅ ရက်နေ့က အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ၊ ဂမုန်းကြိုးဝိုင်း၊ အကွက်အမှတ် (၅၆) နှင့် (၅၇) မှ ကျွန်းနုပင် ၁၅ ကုဗ အား ခုတ်ယူခဲ့သည်တွေ့ရှိသဖြင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို၏မှ ကျွန်းသစ်များ ထိန်းသိမ်းပြီး သတိပေးကာ ပြန်လည် လွတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ သတိပေးကာ ပြန်လွှတ်ပေးခံရသူများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ သတိပေး ချက်ကို လိုက်နာခြင်း မရှိပဲ ဩဂုတ်လ ၃၀ ရက် နံနက် ၉ နာရီခန့်က ဂမုန်းကြိုးဝိုင်းအတွင်း နယ်မြေ ရှင်းလင်းရေး ကင်းလှည့်စဉ် ကျွန်းနုပင် (၆.၈) တန်နှင့်အတူ ထပ်မံခိုးယူသယ်ထုတ်နေသည်ကို တွေ့ ရှိပြီး သိမ်းဆည်း၍ ထပ်မံခုတ်ယူခြင်း မပြုလုပ်ကြရန် သတိ​ပေး​ကာ ပြန်လည်လွှတ်ပေးလိုက်ရ ကြောင်း သိရသည်။

 

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုသည် အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက သစ်တောသယံဇာတများကိုလည်း ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိနေသည့်အတွက် အုတ်ဖိုမြို့ နယ် အပိုင် ပဲခူးရိုးမအတွင်းရှိ ကျွန်းနုပင်များကို ခိုးထုတ်မှု လုံးဝ(လုံးဝ) မပြုလုပ်ကြရန်နှင့် ကျွန်း နုပင် များကို ခိုးထုတ်သူများအား လိုအပ်သည့် အရေးယူမှုများ ပြင်းပြင်းထန်ထန် ထိထိရောက် ရောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *