Sagaing News

0 0
Read Time:1 Minute, 45 Second

မြင်းမူမြို့အဝင်၌ ဆက်ကြေးကောက်နေသော စစ်သား၊ ရဲများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်၊ စစ်သား၊ရဲများထွက်ပြေး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့အဝင်၌ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သား၊ ရဲများကို လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြောင်း Moe Nyo Revolution Force – MNRF ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၃၁ ရက် မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်က မြင်းမူမြို့အဝင်၌ အင်အား ၃၀ ခန့်ဖြင့်ခရီးသွားပြည်သူများထံ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို M9 လက် နက်ကြီးဖြင့် ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲများအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ထွက်ပြေးသွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Moe Nyo Revolution Force M.N.R.F ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ရဲဘော်များအားလုံးအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

Moe Nyo Revolution Force – M.N.R.F အဖွဲ့သားများအနေဖြင့် ရသည့်နည်းလမ်းများဖြင့် စစ်အာ ဏာရှင်ကို အဆုံးထိတော်လှန်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ် သားများနှင့် ဝေးဝေးနေပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *